တရားဟော 16:3Judson Bibleသင်သည် အဲဂုတ္တုပြည်မှထွက်လာသောနေ့ရက်ကို တစ်သက်လုံးအောက်မေ့ဖို့ရာ ပသခါပွဲခံစဉ်၊ တဆေးပါသောမုန့်ကို မစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူသော ဒုက္ခမုန့်ကို ခုနစ်ရက်ပတ်လုံးစားရမည်။ အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆော ထွက်လာသတည်း။ အခန်းကိုကြည့်ပါ။ |
ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်းပတ္ထနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တစ်ယောက်တည်းသောသားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ သားဦးအတွက် အဘသည် နာကြည်းရကြလိမ့်မည်။
သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တစ်သက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကိုကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။