တရားဟော 13:16Judson Bibleလုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ်၌စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တစ်ဖန် မတည်မဆောက်ရ။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါ ဣသရေလအမျိုး၏ နေရာကို၊ သိမ်းယူသောသူတို့၏နေရာကို၊ ဣသရေလသည် တစ်ဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။