Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 13:15

Judson Bible

ထို​မြို့​သူ​မြို့​သား​တို့​ကို ဓား​နှင့် လုပ်​ကြံ​ရ​မည်။ မြို့​မှ​စ၍ မြို့၌​ရှိ​သော လူ​နှင့်​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို ဓား​နှင့် ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​မျိုး​သား​တို့​သည် ဝန်​ခံ​ကြ​သည်​နှင့်​အ​ညီ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ရွေး​ချယ်၍ အ​ဆွေ​အ​မျိုး​အ​လိုက် အ​မည်​များ​ကို မှတ်​သား​သော အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် ဒ​သ​မ​လ​တစ်​ရက်​နေ့​တွင် ထို​အ​မှု​ကို စစ်​ကြော​ခြင်း​ငှာ ထိုင်​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​သော​သူ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။

သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။

သို့​ရာ​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ကိုယ်​ပိုင်​ရင်း​လယ်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အား​ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​ကို မ​ရောင်း​မ​ရွေး​ရ။ ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​ရ​မည်။

သ​တင်း​ကြား​သည်​အ​တိုင်း ထင်​ရှား​စွာ ဧ​ကန်​မှန်၍၊ ထို​သို့​သော စက်​ဆုပ်​ဖွယ်​အ​မှု​ကို သင်​တို့​တွင် အ​မှန်​ပြု​မိ​လျှင်၊

ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တ​ပြည်​မှ သင်​တို့​ကို ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​လိုက်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော​လမ်း​မှ ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဟော​ပြော​သော​ကြောင့်၊ ထို​ပ​ရော​ဖက်​ပြု​သူ​နှင့် အိပ်​မက်​မြင်​သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။ ထို​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ထဲ​က ပယ်​ရှင်း​ရ​ကြ​မည်။

သင်​သည် သ​တင်း​ကြား၍ စေ့​စေ့​မေး​မြန်း​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး၌ ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​မိ​သည်​မှန်​လျှင်၊

ထို​အ​ခါ သူ၏​မြို့​ရှိ​သ​မျှ​တို့​ကို တိုက်​ယူ၍၊ ယောက်ျား​မိန်း​မ သူ​ငယ်​တို့​ကို တစ်​ယောက်​မျှ​မ​ကြွင်း​စေ​ခြင်း​ငှာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အပ်​ပေး​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ရ​မည်။ သင်၏​မျက်​စိ​သည် သူ​တို့​ကို​မ​သ​နား​ရ။ သူ​တို့​ဘု​ရား​အား ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။

တစ်​ဖန် သင့်​လက်၌ အပ်​တော်​မူ​သော​အ​ခါ၊ သူ​တို့​ကို​လုပ်​ကြံ၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ၊ က​ရု​ဏာ​ကို​မ​ပြ​ရ။

မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ကြ၏။ သို့​ရာ​တွင် ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ကြ၏။

ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဇ​ပါ​မြို့​သို့ သွား​ကြောင်း​ကို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ကြား​သိ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ ထို​အ​ဓ​မ္မ​အ​မှု​ကား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​လျှင်၊

ဣ​သ​ရေ​လ​လူ​တို့​သည် တစ်​ဖန်​လှည့်၍၊ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တိုက်​လျက် မြို့​ရွာ၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်​တွေ့​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍၊ တွေ့​သ​မျှ​သော မြို့​ရွာ​တို့​ကို မီး​ရှို့​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ