Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 12:1

Judson Bible

သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး​ဝင်​စား​စေ​ခြင်း​ငှာ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သူ​တို့​သည် အ​သက်​ရှင်​သော ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို ကြောက်​ရွံ့​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​သာ​လျှင် လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဆု​တောင်း​သော သူ​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို​သိ​လျက်၊ သူ​တို့​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ။ အ​သီး​အ​သီး​ပြု​ကြ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။

လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပင်​ပန်း​စွာ​အ​မှု​ထမ်း​ရ​သည် မ​ဟုတ်​လော။ သူ​နေ​ရ​သော နေ့​ရက်​တို့​သည် အ​ငှား​ခံ​သော​သူ၏ နေ့​ရက်​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။

ငါ​သည် အ​သက်​ရှင်​စဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သီ​ချင်း​ဆို​မည်။ ငါ​ဖြစ်​သည် ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။

ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။

ငါ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​မည်။ ငါ​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။

ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်၍ ကျင့်​ကြံ​ကြ​လော့။

ယ​နေ့ ငါ​ထား​သ​မျှ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​ကြ​မည်။

မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး၊ လေ​ဝိ​သား​တို့​ကို မ​မေ့​လျော့​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။

ထို​အ​ခါ ငါ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြေ​ကို သင်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် စစ်​တိုက်​တတ်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်၍၊ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ရ​ကြ​မည်။

မိုး​ကောင်း​ကင်​ကို​မျှော်၍၊ နေ၊ လ၊ ကြယ်​များ​တည်း​ဟူ​သော မိုး​ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို မြင်​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​အား ဝေ​ငှ​ပေး​ကမ်း​တော်​မူ​သော ထို​တန်​ဆာ​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​တို့​သည် သွေး​ဆောင်၍ မ​ရ​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။

သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​နောက်၊ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်၏​နိုင်​ငံ​အ​တွင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဖက်၌​ရှိ​သော​ချိုင့်​တွင်၊ မော​ရှေ​ဟော​ပြော​သော​သက်​သေ​စ​ကား၊ စီ​ရင်​ထုံး​ဖွဲ့​သော စ​ကား​တည်း။

သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌ ကျင့်​စ​ရာ​ဖို့၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို သင်​တို့​အား ငါ​သွန်​သင်​ပြီ။

တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား​ငါ​ဟော​ပြော​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို သင်​တို့​သည် သွန်​သင်၍​ကျင့်​ခြင်း​ငှာ သ​တိ​ပြု​မည်​အ​ကြောင်း နား​ထောင်​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ