ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။
အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။
ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော် အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းပါရမီ ရှိကြ၏။-
သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။-
သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တစ်ဖက်သို့ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက်နေရကြမည်။
သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံးဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင်ထုံးဖွဲ့ချက်များဟူမူကား၊
ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်လော့။ ထပ်၍ မပိုရ၊ နုတ်၍ မလျော့စေရ။
သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ရင်ခွင်၌နေသောမယား၊ ကိုယ်ကဲ့သို့မှတ်တတ်သော အဆွေခင်ပွန်း တစ်စုံတစ်ယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေးတို့လည်းမသိသော အခြားတစ်ပါးသောဘုရား၊
အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို ဝင်စားမည်အကြောင်း၊ သင်တို့ကျင့်စရာဖို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
သင်တို့သည်သွား၍ ဝင်စားသောပြည်၌ ကျင့်စရာဖို့၊ ငါ၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။
ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည်မစောင့်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။