Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 11:7

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏ တန်​ခိုး​ကြီး​ခြင်း​အ​ရာ​တော်​တို့​ကို အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​ဘယ်​သူ​သည် အ​ကုန်​အ​စင်​ဖော်​ပြ​နိုင်​သ​နည်း။

တန်​ခိုး​ပါ​သော​အ​မှု​တော်​များ​နှင့် နိုင်​ငံ​တော်၏​ဘုန်း​အ​သ​ရေ​များ​ကို လူ​သား​တို့​အား ဖော်​ပြ​ကြ​ပါ၏။

ထူး​ဆန်း​သော တန်​ခိုး​တော်​များ​ကြောင့်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ အ​လွန်​တ​ရာ​ကြီး​မြတ်​တော်​မူ​ခြင်း ရှိ​သည်​အ​တိုင်း ချီး​မွမ်း​ကြ​လော့။

ရု​ဗင်​အ​မျိုး၊ ဧ​လျာ​ဘ​သား​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​နှင့် အိမ်​သူ​အိမ်​သား​များ၊ တဲ​များ၊ သူ​တို့၌ ရ​တတ်​သ​မျှ​သော​ဥ​စ္စာ​ပ​စ္စည်း​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​လယ်၌၊ မျို​ကြောင်း​ကို​လည်း​ကောင်း မ​သိ​မ​မြင်​သော သင်​တို့၏​သား​သ​မီး​တို့​အား ငါ​မ​ပြော၊ သင်​တို့​ကိုယ်​တိုင် သိ​မှတ်​ကြ​လော့။

ထို​ကြောင့်၊ သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ကို ကြီး​စွာ​သော​ခွန်​အား​နှင့် ဝင်​စား​မည်​အ​ကြောင်း၊

သို့​ဖြစ်၍၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​ရ​မည်။ ယ​နေ့ ငါ​တို့​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို ကျင့်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။

တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်​မှာ ဖာ​ရော​ဘု​ရင်၌​လည်း​ကောင်း၊ သူ၏​ကျွန်​အ​ပေါင်း​တို့၌​လည်း​ကောင်း၊ သူ၏​ပြည်​တစ်​လျှောက်​လုံး၌​လည်း​ကောင်း၊ သင်​တို့​မျက်​မှောက်​တွင် ပြု​တော်​မူ​သ​မျှ​တည်း​ဟူ​သော၊

ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လ​ပေ​ဂု​ရ​ကြောင့် ပြု​တော်​မူ​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ရ​ကြ​ပြီ။ ဗာ​လ​ပေ​ဂု​ရ၌ ဆည်း​ကပ်​သော​သူ​အ​ပေါင်း​တို့​ကို သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ထဲ​က သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပြီ။

ထို​ပ​ဋိ​ညာဉ်​တ​ရား​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​သာ ပြု​တော်​မူ​သည်​မ​ဟုတ်။ ယ​နေ့​ပင်​အ​သက်​ရှင်၍ ဤ​အ​ရပ်၌​ရှိ​သ​မျှ​သော ငါ​တို့​နှင့် ပြု​တော်​မူ၏။

ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။

ယော​ရှု​လက်​ထက်​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​တို့​ကို​သိ၍ ယော​ရှု​မ​ရှိ​သည်​နောက် အ​သက်​ရှင်​သေး​သော အ​သက်​ကြီး​သူ​တို့​လက်​ထက်၌​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ