Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 11:6

Judson Bible

ရု​ဗင်​အ​မျိုး၊ ဧ​လျာ​ဘ​သား​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​နှင့် အိမ်​သူ​အိမ်​သား​များ၊ တဲ​များ၊ သူ​တို့၌ ရ​တတ်​သ​မျှ​သော​ဥ​စ္စာ​ပ​စ္စည်း​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​လယ်၌၊ မျို​ကြောင်း​ကို​လည်း​ကောင်း မ​သိ​မ​မြင်​သော သင်​တို့၏​သား​သ​မီး​တို့​အား ငါ​မ​ပြော၊ သင်​တို့​ကိုယ်​တိုင် သိ​မှတ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည်​လည်း၊ တပ်​ထဲ​မှာ မော​ရှေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ အာ​ရုန်​ကို​လည်း​ကောင်း ငြူ​စူ​ကြ၏။

မြေ​ကြီး​သည်​ကွဲ​လျက် ဒါ​သန်​ကို​မျို၍၊ အ​ဘိ​ရံ၏​အ​သင်း​အ​ဝင်​ကို ဖုံး​အုပ်​လေ၏။

ပြည်​တော်​သည် တစ်​ပြည်​လုံး ပြုတ်​လေ​ပြီ။ ပြည်​တော်​သည် အ​ကုန်​အ​စင် ပြို​ပျက်​လေ​ပြီ။ ပြည်​တော်​သည် အ​လွန်​တုပ်​လှုပ်​လျက် ရှိ​လေ၏။

သို့​ရာ​တွင် ကော​ရ၏​သား​သ​မီး​တို့​သည် သေ​ဘေး​နှင့် လွတ်​ကြ၏။

အ​ကျွန်ုပ်​တို့၏​အ​ဘ​သည် တော၌​သေ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​သော​အ​ပေါင်း​အ​သင်း၊ ကော​ရ၏​အ​ပေါင်း​အ​သင်း၌ မ​ပါ။ မိ​မိ​အ​ပြစ်​ကြောင့် သေ​ပါ၏။ သူ၌​သား​ယောက်ျား မ​ရှိ​ပါ။

ဤ​အ​ရပ်​သို့​မ​ရောက်​မီ၊ တော၌​လှည့်​လည်​စဉ်​တွင် သင်​တို့​အား​ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ