Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 10:4

Judson Bible

သင်​တို့​စည်း​ဝေး​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို၊ အ​ရင်​စာ၌​လာ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​ရေး​ထား၍ ငါ့​အား​ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​လော့။ သင်​ချိုး​ဖဲ့​သော အ​ရင်​ကျောက်​ပြား၌ စ​ကား​ပါ​သည်​အ​တိုင်း နောက်​ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​မည်။

ထို​အ​ရပ်​မှာ မော​ရှေ​သည် အ​စာ​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ နေ​လေ၏။ ကျောက်​ပြား​ပေါ်​မှာ ပ​ဋိ​ညာဉ်​စ​ကား၊ ပ​ညတ်​တော်​ဆယ်​ပါး​ကို ရေး​ထား​တော်​မူ၏။

ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊

သင်​တို့​သည် စည်း​ဝေး​ကြ​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​မြွက်​ဆို​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို လက်​ညှိုး​တော်​ဖြင့် ရေး​ထား​သော​ကျောက်​ပြား​နှစ်​ပြား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​အပ်​ပေး​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ