Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 10:3

Judson Bible

ငါ​သည်​လည်း၊ အ​ကာ​ရှ​သစ်​သား​ဖြင့် သေ​တ္တာ​ကို​လုပ်၍၊ အ​ရင်​ကျောက်​ပြား​နည်း​တူ ကျောက်​ပြား​နှစ်​ပြား​ကို ခုတ်​ပြီး​မှ၊ ထို​ကျောက်​ပြား​ကို ကိုင်​လျက် တောင်​ပေါ်​သို့​တက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ၊ ဇောက်​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​ကို၊ အ​ကာ​ရှ​သား​နှင့်​လုပ်၍၊ သေ​တ္တာ​အ​တွင်း​အ​ပြင်​ကို ရွှေ​စင်​နှင့်​မွမ်း​မံ​ရ​မည်။

အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ၊ အ​ကာ​ရှ​သစ်​သား။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​ကျောက်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​ပြီး​မှ၊ မော​ရှေ​သည် နံ​နက်​စော​စော​ထ၍ ထို​ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ တက်​လေ၏။

အ​ကာ​ရှ​သား​ထမ်း​ပိုး​တို့​ကို​လုပ်၍ ကြေး​ဝါ​နှင့် မွမ်း​မံ​ပြီး​မှ၊

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နည်း​တူ၊ ကျောက်​ပြား​နှစ်​ပြား​ကို ခုတ်​ဦး​လော့။ ငါ​ရှိ​ရာ​သို့ တက်​လာ​လော့။ သေ​တ္တာ​ကို​လည်း လုပ်​လော့။

ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ