တောလည် 8:22Judson Bibleထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ် လေဝိသားတို့သည်၊ အသီးအသီးစောင့်ရသောအမှုကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကို စောင့်ခြင်း၊ ကျေးဇူးတော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှာ၊ ဟေဇကိခန့်ထားတော်မူ၏။
လေဝိသားတို့အား သက်သေခံချက်တဲတော်ကိုလည်းကောင်း၊ တဲတော်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကိုလည်းကောင်းအပ်၍၊ သူတို့သည် တဲတော်နှင့် တဲတော်တန်ဆာအလုံးစုံကို ဆောင်ရွက်ရကြမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။