သူတို့သည်စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရဘုရားအားဆက်ကပ်၍ သူတို့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့် စင်ကြယ်စေလေ၏။
ထာဝရဘုရားကလည်း လူတို့ရှိရာသို့သွား၍၊ ယနေ့နှင့် နက်ဖြန်၌ သူတို့ကိုသန့်ရှင်းစေလော့။ သူတို့အဝတ်ကိုလျှော်စေ၍၊
စင်ကြယ်စေသောယဇ်ပုရောဟိတ်သည်၊ စင်ကြယ်စေအပ်သောလူကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ထိုပူဇော်သကာနှင့်တကွ ဆက်ရမည်။
သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကိုသန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကိုမသန့်ရှင်းစေလျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင်ကြယ်ရ။
စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သောနေ့၌ ဖျန်းရမည်။ ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မိမိအဝတ်ကိုလျှော်၍ ရေချိုးလျှင်၊ ညဉ့်ဦးအချိန်တွင် စင်ကြယ်လိမ့်မည်။
ဣသရေလအမျိုးတွင် အဦးဖွားမြင်သောသားဦးများအတွက် လေဝိသားတို့ကို ငါရွေးယူသောကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရကြမည်။
ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ရကြလိမ့်မည်။ သူတို့ကိုစင်ကြယ်စေ၍ ပူဇော်သကာ၊ ပြုရသောအကြောင်းဟူမူကား၊
လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေနှင့်အာရုန်အစရှိသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် လေဝိသားတို့ကိုပြုကြလျှင်၊
ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
စင်ကြယ်စေခြင်းငှာ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်းမင်္ဂလာရေကို သူတို့အပေါ်မှာဖျန်း၍၊ သူတို့သည် တစ်ကိုယ်လုံးကိုအမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်းကိုပြုသဖြင့် စင်ကြယ်စေရမည်။