Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 8:14

Judson Bible

ထို​သို့ လေ​ဝိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် တ​ခြား​စီ​ခွဲ​ထား၍၊ သူ​တို့​သည်​အ​ထူး​သ​ဖြင့် ငါ့​လူ​ဖြစ်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် ငါ​စီ​ရင်​သော​နေ့​ရက်၌ ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘ၏​အ​မှု​ကို ဆောင်​သော​သား​ကို အ​ဘ​နှ​မြော​သ​ကဲ့​သို့ ထို​သူ​တို့​ကို​ငါ​နှ​မြော​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သို့ သင်​တို့၏​ညီ​အစ်​ကို လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​က ရွေး​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ထမ်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပြု​သော​ပူ​ဇော်​သ​ကာ​ကဲ့​သို့ သင်​တို့​အား​ငါ​ပေး၏။

ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် လေ​ဝိ​သား​တို့​ကို ငါ​ရွေး​ယူ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် အ​ထူး​သ​ဖြင့် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။

ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​များ​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း​ယူ​လော့။ လေ​ဝိ​သား​တို့​သည် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့၌ အပ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး၍ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ၍၊ နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း​ငှာ မိ​မိ​ကို မိ​မိ​ခွဲ​ထား​သော​အ​ခါ၊

လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ရှေ့​မှာ​ထား၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။

အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​တွင် လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ကိုယ်​အ​ဖို့ သန့်​ရှင်း​စေ​သော​ကြောင့်၊ သား​ဦး​အ​ပေါင်း​တို့​ကို အ​ထူး​သ​ဖြင့်​ငါ​ပိုင်​ရ​မည်။

လူ​ဇာ​တိ​အား​ဖြင့် ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​တော်​မူ​ထ​သော၊-

သို့​သော်​လည်း၊ ငါ့​ကို အ​မိ​ဝမ်း​ထဲ​က​ပင် ရွေး​ချယ်​ခွဲ​ထား၍ ကျေး​ဇူး​တော်​အား​ဖြင့် ခေါ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​သ​ရုတ်​အ​ရပ်​မှ ခ​ရီး​သွား၍၊ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ချောင်း​မြစ်​များ​ရာ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ ခ​ရီး​သွား၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဇိ​န​တော​ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ အာ​ရုန်​သည် အ​နိ​စ္စ​ရောက်၍၊ သူ့​ကို​သင်္ဂြိုဟ်​ရ၏။ သူ၏​သား​ဧ​လာ​ဇာ​သည် အ​ဘ၏​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။

ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ