Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 8:13

Judson Bible

လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ရှေ့​မှာ​ထား၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ သင်​တို့၏​ညီ​အစ်​ကို လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​က ရွေး​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ထမ်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပြု​သော​ပူ​ဇော်​သ​ကာ​ကဲ့​သို့ သင်​တို့​အား​ငါ​ပေး၏။

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ထမ်း​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော လေ​ဝိ​သား​တို့​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။

လေ​ဝိ​သား​တို့​သည်​လည်း၊ နွား​ခေါင်း​ပေါ်​မှာ မိ​မိ​တို့​လက်​ကို​တင်၍၊ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​လို​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ နွား​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်၊ တစ်​ကောင်​ကို မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​ကြ​မည်။

ထို​သို့ လေ​ဝိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် တ​ခြား​စီ​ခွဲ​ထား၍၊ သူ​တို့​သည်​အ​ထူး​သ​ဖြင့် ငါ့​လူ​ဖြစ်​ရ​ကြ​လိမ့်​မည်။

သူ​တို့​သည်​စင်​ကြယ်​ခြင်း​သို့​ရောက်၍ မိ​မိ​တို့​အ​ဝတ်​ကို လျှော်​ကြ၏။ အာ​ရုန်​သည်​လည်း၊ သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်၍ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့် စင်​ကြယ်​စေ​လေ၏။

ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ