ထိုသို့နှင့်အညီ၊ ပထမနေ့၌ ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်သည် ဆက်သော ပူဇော်သကာဟူမူကား၊
ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့်အိပ်လေ၏။ ထိုသတင်းကို ဣသရေလကြား၏။
ယာကုပ်သားတစ်ကျိပ်နှစ်ပါးရှိ၏။ လေအာတွင်မြင်သောသားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသောရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။
ရှိလောမရောက်မီတိုင်အောင်၊ ရာဇလှံတံသည်ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာဦးညွှတ်ချကြလိမ့်မည်။
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။
ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။
ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန် အုပ်ရ၏။
နေထွက်ရာအရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သောအလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သားနာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနုမောဒနာပြုစရာဖို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိပူဇော်သကာကိုပြုရကြမည်ဟု မောရှေအားမိန့်တော်မူ၏။
အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
အာရံသား အမိနဒပ်။ အမိနဒပ်သား နာရှုန်။ နာရှုန်သား စာလမုန်။-
ဒါဝိဒ်အဘ ယေရှဲ၊ ယေရှဲအဘ ဩဗက်၊ ဩဗက်အာဘ ဗောဇ၊ ဗောဇအဘ စာလမုန်၊ စာလမုန်အဘ နာရှုန်၊-
အမိနဒပ်သား နာရှုန်၊ နာရှုန်သား စာလမုန်၊