တောလည် 7:13Judson Bibleအကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ အခန်းကိုကြည့်ပါ။ |
စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရုရှလင်မြို့ ဗိမာန်တော်ထဲက ခမည်းတော်နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကိုယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း၊
ထိုသို့ထုံးစံရှိသည်အတိုင်း၊ လဆန်းနေ့မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ နေ့တိုင်းပြုသောမီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာမှတစ်ပါး၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောယဇ်ပူဇော်သကာကို ပူဇော်ရမည်။