ပြည်တော်ကို ကြည့်ရှုစေခြင်းငှာ၊ သင်တို့အဘတို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။
တောင်ဘက်အပိုင်းအခြားသည် တောင်မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကိုလျှောက်လျက် ဇိနရွာသို့ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇရဒ္ဒါရွာ၊ အာဇမုန်ရွာကိုလျှောက်သဖြင့်၊
ကာဒေရှဗာနာအရပ်သည်၊ စိရတောင်လမ်းဖြင့် ဟောရပ်အရပ်နှင့် ဆယ်တစ်ရက်ခရီး ကွာသတည်း။