Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 32:7

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​ကူး​မ​သွား​မည်​အ​ကြောင်း၊ သူ​တို့​စိတ်​ကို အ​ဘယ်​ကြောင့်​ဖျက်​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​အား​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​စေ​လွှတ်​သော ပြည်​သို့​ရောက်​ခဲ့​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထို​ပြည်​သည် နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ဖြစ်​ပါ၏။ ဤ​အ​သီး​တို့​ကား ထို​ပြည်၌​သီး​သော​အ​သီး ဖြစ်​ပါ၏။

သူ​နှင့်​အ​တူ​လိုက်​သွား​သော​သူ​တို့​က ထို​ပြည်​သား​တို့​ကို ငါ​တို့​မ​တိုက်​နိုင်။ သူ​တို့​သည် ငါ​တို့​ထက်​သာ၍ အား​ကြီး​ကြ​သည်​ဟူ၍​လည်း​ကောင်း၊

သူ​တို့​အ​မည်​ကား၊ ရု​ဗင်​အ​မျိုး၊ ဇ​က္ကု​ရ​သား ရှ​မွာ။

ဟော​ရ​တောင်​မှ​ထွက်၍ ဧ​ဒုံ​ပြည်​ကို​ဝိုင်း​ခြင်း​ငှာ၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် ချီ​သွား​ကြ​စဉ်၊ အ​သွား​ခက်​သော​ကြောင့်၊ လူ​များ​တို့​သည် စိတ်​အား​လျော့​ကြ၍၊

မော​ရှေ​က​လည်း၊ သင်​တို့​သည် ဤ​အ​ရပ်၌​နေ​ရစ်၍၊ သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် စစ်​တိုက်​သွား​ရ​မည်​လော။

ဧ​ရှ​ကော​လ​ချောင်း​သို့​သွား၍ ပြည်​တော်​ကို ကြည့်​မြင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​သွား​မည်​အ​ကြောင်း သူ​တို့​စိတ်​ကို​ဖျက်​ကြ၏။-

ပေါ​လု​က​လည်း၊ အ​ဘယ်​ကြောင့် ငို​ကြွေး​လျက် ငါ့​စိတ်​နှ​လုံး​ကို ကြေ​ကွဲ​စေ​လျက် ပြု​ကြ​သ​နည်း။ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်​ခြင်း​မ​က၊ အ​သေ​သတ်​ခြင်း​ကို​ပင်​ခံ​ခြင်း​ငှာ ငါ​အ​သင့်​ရှိ​သည်​ဟု​ဆို၏။-

ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ