တောလည် 3:41Judson Bibleဣသရေလအမျိုးသားဦးအပေါင်းတို့အတွက် လေဝိသားတို့ကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်းတို့အတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန်များကိုလည်းကောင်း၊ ငါ့အဖို့ယူလော့။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု၊ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါ့အဖို့ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါင်းတို့ကို အထူးသဖြင့်ငါပိုင်ရ၏။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။