Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 3:40

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ အ​သက်​တစ်​လ​ကျော်​ရှိ​သော သား​ဦး​ယောက်ျား​အ​ပေါင်း​တို့​ကို ရေ​တွက်၍ စာ​ရင်း​ယူ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို စာ​ရင်း​ယူ​တော်​မူ​သော​အ​ခါ၊ ဤ​မည်​သော​အ​မျိုး​သည် မြို့​တော်၌ ဖွား​မြင်​သော​အ​မျိုး​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​သော​ဝိ​ညာဉ်၊ မီး​လောင်​သော ဝိ​ညာဉ်​တော်​အား​ဖြင့်၊

ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် လေ​ဝိ​သား​တို့​ကို ငါ​ရွေး​ယူ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် အ​ထူး​သ​ဖြင့် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။

လေ​ဝိ​သား​တို့​တွင် အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​အ​ပေါင်း​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက် ရေ​တွက်​လော့​ဟု၊

ဣ​သ​ရေ​လ​အ​မျိုး​သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​ယူ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊

ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​များ​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း​ယူ​လော့။ လေ​ဝိ​သား​တို့​သည် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သို့​သော်​လည်း နတ်​ဆိုး​ကို နိုင်​ရ​သော​ကြောင့်​သာ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်၊ သင်​တို့၏ နာ​မည်​များ​သည် ကောင်း​ကင်​စာ​ရင်း၌ ဝင်​သည်​ကို ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အ​ချင်း ငါ့​လုပ်​ဖော်​ဆောင်​ဖက်​စစ်၊ သင့်ကို​လည်း ငါ​တောင်း​ပန်၏။ ငါ​နှင့် က​လေ​မင်​မှ​စ၍ အ​သက်​စာ​ရင်း​ဝင်​သော အ​ခြား​သော ငါ၏​လုပ်​ဖော်​ဆောင်​ဖက်​တို့​နှင့်​အ​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု၌ ကူ​ညီ၍ ကြိုး​စား​အား​ထုတ်​သော မိန်း​မ​တို့​ကို မ​စ​ထောက်​ပံ့​ပါ​လော့။

သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​ကျွမ်း​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ၀န်​ခံ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​အ​မှု​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ တံ​ဆိပ်​ခတ်​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏ တိုက်​မြစ်​သည် ခိုင်​ခံ့၍​တည်၏။-

ကောင်း​ကင်​စာ​ရင်း၌​ဝင်​သော သား​ဦး​တို့၏ အ​သင်း​တော်​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင် အ​ထံ​တော်​သို့​လည်း​ကောင်း၊ စုံ​လင်​ခြင်း​သို့​ရောက်​သော သူ​တော်​ကောင်း​တို့၏ စိတ်​ဝိ​ညာဉ်​တို့ ထံ​သို့​လည်း​ကောင်း၊-

ထို​သူ​တို့​သည် က​ညာ​ဖြစ်၍ မေ​ထုန်​အ​မှု​နှင့် မ​ညစ်​ညူး​သော​သူ ဖြစ်​ကြ၏။ သိုး​သ​ငယ် သွား​လေ​ရာ​ရာ​အ​ရပ်​သို့ နောက်​တော်၌ လိုက်​သော​သူ ဖြစ်​ကြ၏။ လူ​တို့​အ​ထဲ​က ရွေး​နုတ်၍ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​အ​ဖို့ အ​ဦး​သီး​သော​အ​သီး ဖြစ်​ကြ၏။-

ထို​သူ၏​နာ​မ​ကို အ​သက်​စာ​စောင်​မှ ငါ​သည် အ​လျှင်း​မ​ချေ။ ငါ့​ခ​မည်း​တော်​ရှေ့၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တော်​တို့ ရှေ့၌​လည်း​ကောင်း သူ၏​နာ​မ​ကို ငါ​ဝန်​ခံ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ