တောလည် 3:31Judson Bibleသူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ၊ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာတဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ချောင်းမြစ်များရာ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌ စခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။