Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 3:32

Judson Bible

ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား​ဧ​လာ​ဇာ​သည် လေ​ဝိ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​ကို အုပ်၍ တဲ​တော်​စောင့်​သော​သူ​တို့​ကို ကြည့်​ရှု​စီ​ရင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​ရံ​တော်​မှူး​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။

တောင်​ဘက်​သို့​မျက်​နှာ​ပြု​သော ဤ​အ​ခန်း​ကား၊ အိမ်​တော်​အ​မှု​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် နေ​စ​ရာ​ဖို့၊

သူ​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ သေ​တ္တာ၊ စား​ပွဲ၊ ယဇ်​ပ​လ္လင်​များ၊ အ​မှု​တော်​ထမ်း​စ​ရာ​တဲ​တော်​တန်​ဆာ​များ၊ အ​တွင်း​ကု​လား​ကာ အ​စ​ရှိ​သည်​တို့​ကို ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။

မေ​ရာ​ရိ​မှ​ဆင်း​သက်​သော မ​ဟာ​လိ​အ​ဆွေ​အ​မျိုး၊ မု​ရှိ​အ​ဆွေ​အ​မျိုး​တို့​သည်၊ မေ​ရာ​ရိ​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား ဧ​လာ​ဇာ၏​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​ဟူ​မူ​ကား၊ မီး​ထွန်း​စ​ရာ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး၊ နေ့​ရက်​အ​စဉ်​အ​တိုင်း​ဆက်​ကပ်​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ လိမ်း​ရန်​ဆီ အ​စ​ရှိ​သော​တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ပြု​စု​ရ​မည်။

ဂေ​ရ​ရှုန်​သား​များ​အ​မှု​စောင့်​လေ​ရာ​ရာ၊ ဝန်​ထမ်း​လေ​ရာ​ရာ၌၊ အာ​ရုန်​နှင့်​သူ၏​သား​တို့ ခွဲ​ခန့်​စီ​ရင်​သည်​အ​တိုင်း ဆောင်​ရွက်​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ