အာမောရိအမျိုးသားတို့၌ပြုကြသော အမှုအလုံးစုံကို၊ ဇိဖော်သား ဗာလက်မင်းသိမြင်လျှင်၊
ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကိုနားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။
မောဘရှင်ဘုရင် ဇိဖော်၏သားဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှာ၊ ဗောရ၏သားဗာလမ်ကိုခေါ်သောအခါ၊
သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း၏သား ဗာလက်ထက်သာ၍ မြတ်သလော။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဖူးသလော။ စစ်တိုက်ဖူးသလော။