Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 22:1

Judson Bible

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခ​ရီး​သွား၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တဲ​ဆောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်၌ လူ​အ​ချို့​တို့​ကို​ကျန်​ကြွင်း​စေ၍၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဧ​ဒုံ​ပြည်​အ​စ​ရှိ​သော အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊

ဗာ​မုတ်​အ​ရပ်​မှ မော​ဘ​ချိုင့်​သို့​လည်း​ကောင်း၊ ယေ​ရှိ​မုန်​မြို့​ကို မျက်​နှာ​ပြု​သော ပိ​သ​ဂါ​တောင်​ထိပ်​သို့​လည်း​ကောင်း ခ​ရီး​သွား​ကြ၏။

သူ​တို့​သည် မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌၊

မော​ဘ​လွင်​ပြင် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တပ်​ချ​လျက်​နေ​သော မော​ရှေ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​တို့​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

ကျွန်​တော်​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်၌ သူ​တို့​နှင့်​အ​တူ အ​မွေ​ကို​မ​တောင်း​မ​ခံ​ပါ။ ကျွန်​တော်​တို့​အ​မွေ​ခံ​ရာ​မြေ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ ကျ​ပါ​သည်​ဟု လျှောက်​ပြန်​ကြ၏။

မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊

ဤ​ရွေ့​ကား၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တော​လည်​ရာ​ကျမ်း​ပြီး၏။

ထို​အ​ခါ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​ရှိ​သော​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ကြ၏။

ထို​နောက်၊ မော​ရှေ​သည် မော​ဘ​လွင်​ပြင်​မှ​သွား၍ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ဗော​တောင်၊ ပိ​သ​ဂါ​ထိပ်​ပေါ်​သို့ တက်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒန်​မြို့​တိုင်​အောင်၊ ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​ကို​အောက်​မေ့၍၊ မော​ဘ​လွင်​ပြင်၌ အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ