Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 20:4

Judson Bible

ငါ​တို့​နှင့် ငါ​တို့​တိ​ရ​စ္ဆာန်​များ​ကို သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​ကို ဤ​တော​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တု​ပြည်၌ ကြီး​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊

ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ အ​မဲ​သား​ချက်​သော​အိုး​ကင်း​နား​မှာ​ထိုင်၍ ဝ​စွာ​စား​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​ဖြင့်​သေ​လျှင် သာ၍​ကောင်း၏။ ယ​ခု​မူ​ကား၊ ဤ​စည်း​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​ကို ငတ်​မွတ်​ခြင်း​အား​ဖြင့် သတ်​လို​သော​ငှာ၊ ဤ​တော​အ​ရပ်​သို့​ဆောင်​ခဲ့​ပြီ​တ​ကား​ဟု မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​လျက်​ဆို​ကြ၏။

လူ​များ​တို့​သည်​ရေ​ငတ်၍ မော​ရှေ​ကို အ​ပြစ်​တင်​မြည်​တမ်း​လျက်၊ ငါ​တို့​မှ​စ၍ သား​သ​မီး​တိ​ရ​စ္ဆာန်​တို့​ကို အ​ငတ်​ထား၍ သတ်​ခြင်း​အ​လို​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း​ဟု ဆို​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ကြည့်​ရှု၍ စီ​ရင်​တော်​မူ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​မင်း​နှင့် အ​မှု​တော်​ထမ်း​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ရွံ​ရှာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ကို သတ်​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြု​ကြ​ပြီ​တ​ကား​ဟု ဆို​ကြ၏။

သင်​တို့​နှာ​ခေါင်း​ထဲ​က အ​မဲ​သား​ထွက်၍ ရွံ​စ​ရာ​ဖြစ်​သည်​တိုင်​အောင် တစ်​လ​ပတ်​လုံး စား​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ သင်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ထွက်​လာ​ရ​ကြ​သ​နည်း​ဟု ရှေ့​တော်၌​ငို​ကြွေး​လျက် ပြော​ဆို​ကြ​ပြီ​တ​ကား​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အဲ​ဂု​တ္တု​ပြည်၌ အ​လို​အ​လျောက်​စား​ရ​သော​ငါး​သား၊ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်၊ အ​နီ၊ အ​ဖြူ၊ အ​ရိုင်း​အ​မျိုး​မျိုး​တို့​ကို အောက်​မေ့၏။

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်​သော​စ​ကား​နှင့် မြည်​တမ်း​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ မ​သေ​ပါ​လေ။ ဤ​တော၌ မ​သေ​ပါ​လေ။

နက်​ဖြန်​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​ကို သတ်​ကြ​ပြီ​ဟု​ဆို​လျက်၊ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။

အ​ဘယ်​သူ​သည် သင့်​ကို အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း​ဟူ၍ အ​ငြင်း​အ​ပယ်​ခံ​ရ​သော ထို​မော​ရှေ​ကို အ​ကဲ​အ​မှူး၊ ကယ်​လွှတ်​သော​သူ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ချုံ​၌​ထင်​ရှား​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် စေ​ခန့်​တော်​မူ၏။-

ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်​မှ​လာ၍ ဧ​ဒုံ​ပင်​လယ်​အ​နား၊ တော၌ လှည့်​လည်​သ​ဖြင့် ကာ​ဒေ​ရှ​ရွာ​သို့ ရောက်​သော​အ​ခါ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ