တောလည် 20:5Judson Bibleငါတို့ကို အဲဂုတ္တုပြည်မှထွက်စေ၍၊ ဤဆိုးသောအရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ်သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ်နွယ်ပင်၊ သလဲပင် စိုက်စရာမကောင်း။ သောက်စရာရေမျှမရှိဟု မောရှေကိုအပြစ်တင်၍ ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့က၊ ငါတို့ကို အဲဂုတ္တုပြည်မှကယ်နုတ်၍၊ တောတစ်လျှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့် ပြည့်စုံသောပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူ မရှိသော ပြည်တစ်လျှောက်လုံးသို့ ပို့ဆောင်သော ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟု မမေးကြ။