Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 2:2

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တပ်​နှင့်​ဆိုင်​သော​အ​လံ မိ​မိ​အ​ဆွေ​အ​မျိုး​နှင့်​ဆိုင်​သော​အ​လံ​အ​နား​မှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ကို ရှေ့​ရှု​ပြု၍​နေ​ရာ​ချ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏ လူ​စည်း​ဝေး​ရာ​အ​ရပ်၌ ရန်​သူ​တို့​သည် အော်​ဟစ်​ကြ​ပါ၏။ လ​က္ခ​ဏာ​သက်​သေ​တော်​အ​ရာ၌ သူ​တို့​လ​က္ခ​ဏာ​သက်​သေ​တို့​ကို ထား​ကြ​ပါ​ပြီ။

သ​စ္စာ​က​တိ​ပြု​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​ဝတ်​ကို​လည်း ဖြေ​ကြ​လော့။ ကိုယ်​တော်၏​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ထံ​တော်​သို့ လက်​ဆောင်​ကို ဆောင်​ခဲ့​ကြ​စေ။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​သည် သင်၏​အ​လယ်၌ ဘုန်း​ကြီး​တော်​မူ၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။

လော​ကီ​နိုင်​ငံ၌​နေ​သော မြေ​ကြီး​သား​အ​ပေါင်း​တို့၊ တောင်​ပေါ်​မှာ အ​လံ​ကို ထူ​သော​အ​ခါ ကြည့်​ရှု​ကြ​လော့။ တံ​ပိုး​မှုတ်​သော​အ​ခါ နား​ထောင်​ကြ​လော့။

အ​ချင်း​လူ​သား၊ ဤ​အ​ရပ်​သည် ငါ့​ပ​လ္လင်​တည်​ရာ အ​ရပ်၊ ငါ့​ခြေ​ဖ​ဝါး နင်း​မြဲ​အ​ရပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​စဉ်​အ​မြဲ ငါ့​နေ​ရာ​အ​ရပ် ဖြစ်၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​များ​နှင့် အ​မျိုး​သား​များ​တို့​သည် မှား​ယွင်း​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ရှင်​ဘု​ရင်၏​အ​သေ​ကောင်​အား​ဖြင့်​လည်း​ကောင်း မြင့်​ရာ​အ​ရပ်​တို့၌ ငါ၏​နာ​မ​တော်​မြတ်​ကို နောက်​တစ်​ဖန် မ​ရှုတ်​ချ​ရ​ကြ။

ထို​နေ့၌ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိုး​စု​ကဲ့​သို့ ကယ်​တင်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည် မြေ​တော်၌ ထင်​ရှား​သော သ​ရ​ဖူ​မျက်​မွန် ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။

လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။

ယု​ဒ​တပ်​အ​စဉ်​အ​တိုင်း အ​လုံး​အ​ရင်း​တို့​သည်၊ အ​လံ​နှင့်​တ​ကွ ရှေ့​ဦး​စွာ​ချီ​သွား​ကြ၏။ ယု​ဒ​တပ်​ကို၊ အ​မိ​န​ဒပ်​သား​နာ​ရှုန် အုပ်​ရ၏။

ရု​ဗင်​တပ်​အ​စဉ်​အ​တိုင်း၊ အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ ချီ​သွား​ကြ၏။ ရု​ဗင်​တပ်​ကို ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ အုပ်​ရ၏။

ဧ​ဖ​ရိမ်​တပ် အ​စဉ်​အ​တိုင်း​အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ​ချီ​သွား​ကြ၏။ ဧ​ဖ​ရိမ်​တပ်​ကို အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ အုပ်​ရ၏။

နောက်​ဆုံး​တပ်​တည်း​ဟူ​သော ဒန်​တပ် အ​စဉ်​အ​တိုင်း အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ​ချီ​သွား​ကြ၏။ ဒန်​တပ်​ကို အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ အုပ်​ရ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊

တောင်​မျက်​နှာ၌၊ ရု​ဗင်​တပ်​အ​လုံး​အ​ရင်း​သည် ရု​ဗင်​အ​လံ​ကို​ထူ၍ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​သည် ရု​ဗင်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ၌၊ ယု​ဒ​တပ်​အ​လံ​နှင့် ဆိုင်​သော​အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ၍ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

သို့​ရာ​တွင်၊ မျှော်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​မျိုး​အ​နွယ်​အ​လိုက် အ​သီး​အ​သီး​တပ်​ချ​လျက်​နေ​ကြ​သည်​ကို မြင်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ​သက်​ရောက်​တော်​မူ​လျှင်၊

ဘု​ရား​သ​ခင်​သည် ရုန်း​ရင်း​ခတ်​သော​အ​မှု​ကို ပြု​စု​တော်​မ​မူ။ သန့်​ရှင်း​သူ​တို့၏ အ​သင်း​တော်​အ​ပေါင်း​တို့၌ ဖြစ်​သ​ကဲ့​သို့ အ​သင့်​အ​တင့် ငြိမ်​ဝပ်​ခြင်း​ကို ပြု​စု​တော်​မူ၏။

ခပ်​သိမ်း​သော​အ​မှု​ကို တင့်​တယ်​လျောက်​ပတ်​စွာ အ​စဉ်​အ​တိုင်း စီ​ရင်​ကြ​လော့။

သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။-

ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။

သေ​တ္တာ​တော်​နှင့် သင်​တို့​စပ်​ကြား​ကို အ​တောင်​နှစ်​ထောင်​ခြား၍ ခ​ရီး​ကွာ​စေ​ရ​မည်။ လိုက်​ရ​သော​လမ်း​ကို သိ​မည်​အ​ကြောင်း၊ သေ​တ္တာ​တော်​အ​နီး​သို့ မ​ချဉ်း​ဘဲ​လိုက်​ရ​မည်။ ဤ​လမ်း​သို့ သင်​တို့​သည် တစ်​ခါ​မျှ​မ​လိုက်​ကြ​သေး​ဟု လူ​အ​ပေါင်း​တို့​အား မှာ​ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ