တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည် ပြုကြ၏။
ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးအသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။
ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သောအလံအနားမှာ ပရိသတ်စည်းဝေးရာတဲတော်ကို ရှေ့ရှုပြု၍နေရာချရမည်။
စာရင်းဝင်သောသူတို့ကိုအုပ်၍ ဣသရေလအမျိုးအနွယ်အသီးအသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေအမျိုးသူကြီးမင်းတို့သည်၊