တောလည် 18:2Judson Bibleသင်၏ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူကူညီ၍ အမှုတော်ကိုဆောင်ရွက်စေခြင်းငှာ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။ အခန်းကိုကြည့်ပါ။ |
ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေသော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရောဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှာ ငါ့ထံသို့ ချဉ်းကပ်ရကြမည်။ ငါ့အား ဆီဥနှင့်အသွေးကိုပူဇော်ခြင်းငှာ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတစ်ပါးသောအမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
ထိုသို့တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသောတန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟတ်သားတို့သည် ထမ်းခြင်းငှာချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း သန့်ရှင်းသောအရာကိုမကိုင်ရ၊ ဤရွေ့ကား ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ ဆောင်ရွက်ရသောအမှုပေတည်း။
သူတို့သည်လည်း ပရိသတ်စည်းဝေးရာတဲတော်၌၊ ဣသရေလအမျိုးသား ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့်လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးထဲက လေဝိသားတို့ကို အာရုန်နှင့်သူ၏သားတို့အား စွန့်ကြဲပေးကမ်းသည်ဟု၊