Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 18:1

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ သင်​နှင့် သင်၏​သား​မြေး​အ​ဆွေ​အ​မျိုး​တို့​သည်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​အ​ပြစ်၊ သင်​တို့ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် ဆိုင်​သော​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​သည် ထို​သင်း​ကျစ်​ကို န​ဖူး၌​ဆင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ သန့်​ရှင်း​သော​အ​လှူ​ဒါ​န​နှင့်​ဆိုင်၍၊ သန့်​ရှင်း​စေ​သ​မျှ​သော​အ​ရာ​တို့၌ ပါ​သော​အ​ပြစ်​ကို ဆောင်​ရ​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ၊ အာ​ရုန်၏​န​ဖူး၌ အ​စဉ်​ဆင်​ရ​မည်။

မိ​မိ​စိတ်​ဝိ​ညာဉ်​ခံ​ရ​သော ဝေ​ဒ​နာ၏​အ​ကျိုး​ကို မိ​မိ​မြင်၍ အား​ရ​လိမ့်​မည်။ ထို​ဖြောင့်​မတ်​သော ငါ၏​ကျွန်​ကို​သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ သူ​သည် အ​များ​သော​သူ​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​လိမ့်​မည်။ သူ​တို့၏​အ​ပြစ်​ကို ကိုယ်​တိုင်​ဆောင်​ရွက်​ရ၏။

ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။

ထို​မှ​တစ်​ပါး၊ သင်​သည် လက်​ဝဲ​နံ​စောင်း​ဖြင့် အိပ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ထို​နံ​စောင်း၌ တင်​ထား​လော့။ ထို​သို့​အိပ်​ရ​သော နေ့​ရက်​အ​ရေ​အ​တွက်​အ​တိုင်း သူ​တို့​အ​ပြစ်​ကို​ခံ​ရ​မည်။

အ​ပြစ်​ဖြေ​ရာ​ယဇ်​သား​သည် အ​လွန်​သန့်​ရှင်း၏။ သင်​တို့​သည် ပ​ရိ​သတ်​တို့​အ​ပြစ်​ကို​ခံ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ ထို​ယဇ်​သား​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ဘယ်​ကြောင့်​မ​စား​သ​နည်း။

ထို​အ​ရာ​တို့​ကို​စား​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို မ​ခံ​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ပ​ညတ်​တော်​ကို​ဖျက်​သ​ဖြင့်၊ ကိုယ်​အ​ပြစ်​ကို​ခံ​လျက် မ​သေ​ရ​မည်​အ​ကြောင်း ငါ့​ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ၏။

ထို​ပြည်​ကို စူး​စမ်း​ရာ​နေ့​ရက်​ပေါင်း အ​ရက်​လေး​ဆယ်​နှင့်​အ​ညီ၊ တစ်​ရက်​ကို တစ်​နှစ်​ထား၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး ကိုယ်​အ​ပြစ်​ကို​ဆောင်​လျက်၊ ငါ့​စွန့်​ပစ်​ခြင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

သင့်​ကို​လည်း​ကောင်း၊ သင့်​ညီ​အစ်​ကို လေ​ဝိ​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အ​နီး​အ​ပါး၌ နေ​ရာ​ချ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို မ​ထီ​မဲ့​မြင်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​လည်း ရှာ​ကြ​သည်​တ​ကား။

ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ကို ချဉ်း​ကပ်​သော​သူ​တိုင်း သေ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် သေ​ဘေး​သင့်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​ဦး​မည်​လော​ဟု မော​ရှေ​အား လျှောက်​ဆို​ကြ၏။

လေ​ဝိ​အ​မျိုး၏​လှံ​တံ​ပေါ်​မှာ အာ​ရုန်​အ​မည်​ကို ရေး​ထား​လော့။ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တစ်​ဦး​လျှင် လှံ​တံ​တစ်​ချောင်း​စီ​ရှိ​ရ​မည်။

မော​ရှေ​သည် ထို​လှံ​တံ​တို့​ကို သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တင်​ထား​လေ၏။

ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပူ​ဇော်​သော ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​တို့​ကို၊ သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ် တ​ရား​အား​ဖြင့်​ငါ​ပေး​ပြီ။ သင့်​အိမ်၌ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။

သင်​သည် လေ​ဝိ​အ​မျိုး​သား​တို့​ကို​ခေါ်​ခဲ့၍ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​ထံ၌​နေ​ရာ​ချ​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​သ​ရုတ်​အ​ရပ်​မှ ခ​ရီး​သွား၍၊ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ချောင်း​မြစ်​များ​ရာ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ ခ​ရီး​သွား၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဇိ​န​တော​ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ အာ​ရုန်​သည် အ​နိ​စ္စ​ရောက်၍၊ သူ့​ကို​သင်္ဂြိုဟ်​ရ၏။ သူ၏​သား​ဧ​လာ​ဇာ​သည် အ​ဘ၏​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။

သင်​တို့​ကို အုပ်​သော​သူ​တို့၏ စ​ကား​ကို နား​ထောင်၍ နှိမ့်​ချ​လျက်​နေ​ကြ​လော့၊ သူ​တို့​သည် ကိုယ်​တိုင် စစ်​ကြော​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ စောင့်​နေ​ကြ​၏။ သင်​တို့​အ​ကျိုး​ကို မ​ဖြစ်​စေ​တတ်​သော ဝမ်း​နည်း​ခြင်း​မ​ရှိ၊ ဝမ်း​မြောက်​ခြင်း​ရှိ၍၊ သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း သ​တိ​ပြု​လျက်​နေ​ကြ​လော့။-

ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-

မိ​က္ခာ​သည်​လည်း၊ ထို​လေ​ဝိ​လု​လင်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​သည်​အ​တိုင်း၊ လု​လင်​သည် ယဇ်​ပု​ရော​ဟိတ်​လုပ်၍ မိ​က္ခာ​အိမ်၌ နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ