တောလည် 11:12Judson Bibleသူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသောပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကိုပိုက်ချီလျက် ဆောင်လော့ဟု အကျွန်ုပ်အားမိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ်သည် ကိုယ်ဝန်ဆောင်ပါသလော။ ဖွားမြင်ပါသလော။ အခန်းကိုကြည့်ပါ။ |
ငါ့အဘ၏အိမ်မှလည်းကောင်း၊ ငါ့အမျိုးသားနေရာပြည်မှလည်းကောင်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကိုငါပေးမည်ဟု၊ ငါ့အားဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌စေလွှတ်တော်မူသဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဖို့ မယားကိုယူရလိမ့်မည်။
နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ်သားတို့ကို လုပ်ကျွေးသောသူတို့ကလည်း၊ ကျွန်တော်တို့သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင်ကို မချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကိုပေးလိုက်ကြ၏။
ရှင်ဘုရင်တို့သည် သင်၏ဘထွေး၊ မိဖုရားတို့သည် သင့်ကို မွေးစားသောအမိ ဖြစ်ကြလိမ့်မည်။ သင့်ရှေ့မှာ ဦးညွှတ်ပျပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါ့ကို မျှော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်း မရှိကြောင်းကိုလည်းကောင်း သင်သိလိမ့်မည်။
သင်တို့လိုက်လာသော လမ်းတစ်လျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကိုချီပိုက်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုချီပိုက်တော်မူသော ကျေးဇူးတော်ကိုခံရာ တော၌လည်းကောင်း၊ သင်တို့အဖို့ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူတော်မူမည်ဟု ဆိုသော်လည်း၊