Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 11:13

Judson Bible

ဤ​လူ​အ​ပေါင်း​တို့​အား ကျွေး​စ​ရာ​ဖို့​အ​မဲ​သား​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​မှာ​ရ​နိုင်​ပါ​အံ့​နည်း။ သူ​တို့​က အ​ကျွန်ုပ်​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို​ပေး​ပါ​ဟု ငို​ကြွေး​လျက် အ​ကျွန်ုပ်​ကို​တောင်း​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကျွန်​က အ​ဘယ်​သို့​နည်း။ ကျွန်​တော်​သည် လူ​တစ်​ရာ​ကို ဤ​မျှ​နှင့် ကျွေး​နိုင်​ပါ​မည်​လော​ဟု မေး​လျှင်၊ ဧ​လိ​ရှဲ​က ဤ​လူ​များ​ကို ကျွေး​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​သူ​တို့​သည် ဝ​စွာ​စား​ကြ​သော်​လည်း စား​စ​ရာ​ကျန်​ကြွင်း​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို​ပြော​ဆို​သော်၊

ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။

သင်​တို့​နှာ​ခေါင်း​ထဲ​က အ​မဲ​သား​ထွက်၍ ရွံ​စ​ရာ​ဖြစ်​သည်​တိုင်​အောင် တစ်​လ​ပတ်​လုံး စား​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ သင်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ထွက်​လာ​ရ​ကြ​သ​နည်း​ဟု ရှေ့​တော်၌​ငို​ကြွေး​လျက် ပြော​ဆို​ကြ​ပြီ​တ​ကား​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​နှင့်​ဆိုင်​သော လူ​ယောက်ျား​ပေါင်း ခြောက်​သိန်း​ရှိ​ကြ​သည်​ဖြစ်၍ ကိုယ်​တော်​က တစ်​လ​စား​စ​ရာ​ဖို့ သူ​တို့​အား​အ​မဲ​သား​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​ပါ​သည်​တ​ကား၊

သူ​တို့​ကို​ဝ​စွာ​ကျွေး​ခြင်း​ငှာ၊ သိုး​ဆိတ်​နွား​စု​တို့​ကို သတ်​ရ​ပါ​မည်​လော။ သို့​မ​ဟုတ် ဝ​စွာ​ကျွေး​ခြင်း​ငှာ၊ ပင်​လယ်​ငါး​ရှိ​သ​မျှ​တို့​ကို စု​ဝေး​ရ​ပါ​မည်​လော​ဟု လျှောက်​လျှင်၊

တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊-

တ​ပည့်​တော်​တို့​က​လည်း၊ ဤ​တော​အ​ရပ်၌ ဤ​သူ​တို့​ကို အ​ဘယ်​သို့ ဝ​စွာ​ကျွေး​နိုင်​ပါမည်​နည်း​ဟု လျှောက်​ကြ​သော်၊-

ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ