နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့သည် ချီသွားရကြမည်။
အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဖော်ပြလော့။
ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သား အပေါင်းတို့သည် တုန်လှုပ်ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။
ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန် အုပ်ရ၏။