တံပိုးတစ်လုံးတည်းကိုမှုတ်လျှင်၊ ဣသရေလအမျိုး၌ လူတစ်ထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌စည်းဝေးရကြမည်။
ထိုမှတစ်ပါး ဘုရားသခင်ကိုကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထားရမည်။
စာရင်းဝင်သောသူတို့ကိုအုပ်၍ ဣသရေလအမျိုးအနွယ်အသီးအသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေအမျိုးသူကြီးမင်းတို့သည်၊
ထိုကြောင့် သင်တို့အမျိုးများ၌ အသရေရှိသောလူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူတည်းဟူသော လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်၊ အကြပ်အဆော်အရာ၌ ခန့်ထား၏။