Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 10:2

Judson Bible

သင်​သည် ပ​ရိ​သတ်​စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တပ်​တို့​ကို​ချီ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မှုတ်​ရ​သော ငွေ​တံ​ပိုး​နှစ်​လုံး​ကို၊ တစ်​လုံး​လျှင် ငွေ​တစ်​တုံး​စီ​ဖြင့် မ​ဆက်​ဘဲ​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​အ​ဖို့​ငွေ​ဖ​လား၊ မီး​ညှပ်၊ အင်​တုံ၊ တံ​ပိုး၊ ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တို့​ကို ထို​ငွေ​နှင့်​မ​လုပ်​သေး။

သီ​ချင်း​ဆို​သော လေ​ဝိ​သား​အာ​သပ်​တ​ပည့်၊ ဟေ​မန်​တ​ပည့်၊ ယေ​ဒု​သုန်​တ​ပည့်​အ​ပေါင်း​တို့​သည် အ​မျိုး​သား​ချင်း​များ​နှင့်​တ​ကွ ပိတ်​ဖြူ​ကို ဝတ်​ဆင်၍၊ ခွက်​ကွင်း​စောင်း​တ​ယော​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​အ​ရှေ့​ဘက်၌ ရပ်​နေ​ကြ၏။ တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ် တစ်​ရာ​နှစ်​ဆယ်​တို့​သည်​လည်း၊

လ​ဆန်း​နေ့၊ လ​ပြည့်​နေ့၊ ပွဲ​သ​ဘင်​နေ့၌ တံ​ပိုး​မှုတ်​ကြ။

အို ထာ​ဝ​ရ​ဘု​ရား၊ နှိုး​ဆော်​တော်​မူ​ခြင်း​အ​သံ​ကို နား​လည်​သော​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။

ရွှေ​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို​လည်း သေ​တ္တာ​အ​ဖုံး​တွင် အ​လျား​တစ်​ဖက်​တစ်​ချက်၌ ထု​လုပ်​ရ​မည်။

မီး​ခုံ​ကို​လည်း ရွှေ​စင်​နှင့်​လုပ်၍၊ မီး​ခုံ​တိုင်​အ​စ​ရှိ​သော အ​လက်​များ၊ ခွက်​များ၊ ဘူး​သီး​များ၊ ကြာ​ပွင့်​များ​တို့​ကို တစ်​စပ်​တည်း​ထု​ရ​မည်။

အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။

ယု​ဒ​ပြည်၌ တံ​ပိုး​မှုတ်​ကြ​လော့​ဟု၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ တစ်​ပြည်​လုံး​ကြွေး​ကြော်၍ သ​တင်း​ကြား​ကြ​လော့။ စည်း​ဝေး၍ ခိုင်​ခံ့​သော​မြို့​များ အ​တွင်း​သို့ ဝင်​ကြ​ကုန်​အံ့​ဟု အ​ရပ်​ရပ်၌ အ​နှံ့​အ​ပြား ကြွေး​ကြော်​ကြ​လော့။

တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။

အ​စာ​ရှောင်​ရ​သော အ​ချိန်​ကို ခန့်​ထား​ကြ​လော့။ ခြိုး​ခြံ​စွာ ကျင့်​ရ​သော​အ​ချိန်​ကို ကြော်​ငြာ​ကြ​လော့။ အ​သက်​ကြီး​သူ​မှ​စ၍ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စည်း​ဝေး၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​လော့။

ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ သန့်​ရှင်း​သော ငါ​တောင်​ပေါ်​မှာ သ​တိ​ပေး​သော အ​သံ​ကို ပြု​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ၍ နီး​ပြီ။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား

ပ​ရိ​သတ်​စည်း​ဝေး​စေ​ခြင်း​ငှာ နှိုး​ဆော်​သံ​ကို​မ​ပြု​ဘဲ တံ​ပိုး​မှုတ်​ရ​မည်။

သ​ခင်​တစ်​ပါး၊ ယုံ​ကြည်​ခြင်း​တစ်​ပါး၊ ဗ​တ္တိ​ဇံ​တစ်​ပါး၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ