Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 10:1

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့​သည် ခါ​နာန်​ပြည်၌ တစ်​ယောက်​တည်း​သော​သူ၏​သား၊ ညီ​အစ်​ကို​တစ်​ကျိပ်​နှစ်​ယောက် ဖြစ်​ကြ​ပါ၏။ အ​ငယ်​ဆုံး​သော​သူ​ကား အ​ဘ​နှင့်​အ​တူ​ယ​ခု​ရှိ​ရစ်​ပါ၏။ တစ်​ယောက်​ကား​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊

ဤ​သူ​တို့​ကား၊ ယာ​ကုပ်​မ​ယား​လေ​အာ​သည် ပါ​ဒ​နာ​ရံ​အ​ရပ်၌ ဖွား​သော သား​တည်း။ သ​မီး​ဒိ​န​နှင့်​တ​ကွ၊ သား​သ​မီး​ပေါင်း​သုံး​ဆယ်​သုံး။

ထို​သို့​ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​လျက်၊ တံ​ပိုး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ကြ၏။

ရှင်​ဘု​ရင်​သည် ယု​ဒ​မင်း​ထုံး​စံ​အ​တိုင်း တိုင်​နား​မှာ​ရပ်​လျက်၊ မှူး​တော်​မတ်​တော်​များ​နှင့် တံ​ပိုး​မှုတ်​သော​သူ​များ​တို့​သည် ရှင်​ဘု​ရင်​အ​နား​တော်၌ ရပ်​လျက်၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် ဝမ်း​မြောက်၍ တံ​ပိုး​မှုတ်​လျက် ရှိ​ကြ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု အော်​ဟစ်​လေ၏။

ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ဝင်​ဝ၊ တိုင်​နား​မှာ​ရပ်​လျက်၊ မှူး​တော်​မတ်​တော်​များ​နှင့် တံ​ပိုး​မှုတ်​သော​သူ​များ​တို့​သည် ရှင်​ဘု​ရင်​အ​နား​တော်၌ ရပ်​လျက်၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် ဝမ်း​မြောက်၍၊ တံ​ပိုး​မှုတ်​လျက် သီ​ချင်း​သည်​တို့​သည် တူ​ရိ​ယာ​အ​မျိုး​မျိုး​ကို ကိုင်၍၊ ထော​မ​နာ​သီ​ချင်း​ကို ဆို​လျက်​ရှိ​ကြ​သည်​ကို မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ပုန်​ကုန်​မှု​ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု အော်​ဟစ်​လေ၏။

သီ​ချင်း​ဆို​သော လေ​ဝိ​သား​အာ​သပ်​တ​ပည့်၊ ဟေ​မန်​တ​ပည့်၊ ယေ​ဒု​သုန်​တ​ပည့်​အ​ပေါင်း​တို့​သည် အ​မျိုး​သား​ချင်း​များ​နှင့်​တ​ကွ ပိတ်​ဖြူ​ကို ဝတ်​ဆင်၍၊ ခွက်​ကွင်း​စောင်း​တ​ယော​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​အ​ရှေ့​ဘက်၌ ရပ်​နေ​ကြ၏။ တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ် တစ်​ရာ​နှစ်​ဆယ်​တို့​သည်​လည်း၊

ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ကြ၏။ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​စ​ရာ​ဖို့ ဒါ​ဝိဒ်​မင်း​ကြီး​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက် ဒါ​ဝိဒ်၏ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း တံ​ပိုး​မှုတ်၍ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် မတ်​တတ်​နေ​ကြ၏။

လုပ်​ဆောင်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​သော​အ​ခါ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​များ၊ ခွက်​ကွင်း​ကိုင်​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​သား​များ​တို့​ကို ခန့်​ထား​ကြ၏။

ကြွေး​ကြော်​ခြင်း​အ​သံ​နှင့် ဘု​ရား​သ​ခင်​တက်​တော်​မူ၏။ တံ​ပိုး​မှုတ်​ခြင်း​အ​သံ​နှင့် ထာ​ဝ​ရ​ဘု​ရား တက်​တော်​မူ၏။

လ​ဆန်း​နေ့၊ လ​ပြည့်​နေ့၊ ပွဲ​သ​ဘင်​နေ့၌ တံ​ပိုး​မှုတ်​ကြ။

တံ​ပိုး​နှဲ​ခ​ရာ​ကို​မှုတ်၍၊ ရှင်​ဘု​ရင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြွေး​ကြော်​ကြ​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တပ်​ချ​သော​အ​ခါ၊ အ​လုံး​အ​ရင်း​တစ်​လျှောက်​လုံး၊ လူ​တိုင်း မိ​မိ​ဆိုင်​သော​တပ်​တွင် မိ​မိ​ဆိုင်​သော​အ​လံ​နား​မှာ မိ​မိ​တဲ​ကို​ဆောက်​ရ​မည်။

သင်​သည် ပ​ရိ​သတ်​စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တပ်​တို့​ကို​ချီ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မှုတ်​ရ​သော ငွေ​တံ​ပိုး​နှစ်​လုံး​ကို၊ တစ်​လုံး​လျှင် ငွေ​တစ်​တုံး​စီ​ဖြင့် မ​ဆက်​ဘဲ​လုပ်​ရ​မည်။

သ​တ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ တံ​ပိုး​မှုတ်​ခြင်း​ကို ပြု​ရ​သော​နေ့​ဖြစ်၏။

စာ​ရင်း​ဝင်​သော​သူ​တို့​ကို​အုပ်၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​တို့၌ မင်း​ဖြစ်​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​တို့​သည်၊

ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း တဲ၌​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း​လည်း ခ​ရီး​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ စောင့်​နေ​ကြ၏။

လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​ရ​ကြ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​ကို ငါ​မြင်၏။ သူ​တို့၌ တံ​ပိုး​ခု​နစ်​လုံး​ကို ပေး၏။-

လူ​သုံး​စု​တို့​သည် တံ​ပိုး​မှုတ်၍ အိုး​တို့​ကို​ခွဲ​သ​ဖြင့် လက်​ဝဲ​လက်၌ မီး​ခွက်​တို့​ကို​လည်း​ကောင်း၊ လက်​ယာ​လက်၌ မှုတ်​စ​ရာ​တံ​ပိုး​တို့​ကို​လည်း​ကောင်း​ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ