ဣသရေလအမျိုးသားတို့သည် တပ်ချသောအခါ၊ အလုံးအရင်းတစ်လျှောက်လုံး၊ လူတိုင်း မိမိဆိုင်သောတပ်တွင် မိမိဆိုင်သောအလံနားမှာ မိမိတဲကိုဆောက်ရမည်။
ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သောအလံအနားမှာ ပရိသတ်စည်းဝေးရာတဲတော်ကို ရှေ့ရှုပြု၍နေရာချရမည်။
ထာဝရဘုရားသည်၊ မောရှေအားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကိုလည်းကောင်း၊ မိမိဘိုးဘအမျိုးအလိုက်ချီခြင်းကိုလည်းကောင်း ပြုရကြ၏။
သို့ရာတွင်၊ မျှော်ကြည့်၍ ဣသရေလအမျိုးသားတို့သည် အမျိုးအနွယ်အလိုက် အသီးအသီးတပ်ချလျက်နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်တော်မူလျှင်၊