Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 1:51

Judson Bible

တဲ​တော်​ကို ယူ​သွား​ချိန်​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား​တို့​သည်​ရုပ်​သိမ်း​ရ​မည်။ နေ​ရာ​ချ​ချိန်​ရောက်​သော​အ​ခါ ထူ​ထောင်​ပြန်​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​သား​သည် ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို​အ​မျက်​ထွက်၍ သူ၏​အ​ပြစ်​ကြောင့် ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​သည် သေ​တ္တာ​တော်​နား​မှာ သေ​လေ၏။

ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ အ​ရက်​နှစ်​ဆယ်​မြောက်​သော​နေ့​ရက်၌၊ မိုး​တိမ်​သည် သက်​သေ​ခံ​ချက်​တဲ​တော်​မှ ကွာ​မြောက်​သည်​ဖြစ်၍၊

ထို​သို့ အာ​ရုန်​အ​မျိုး​မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​သား​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​အား​ဖြင့်၊ ကော​ရ​နှင့် သူ၏​အ​ပေါင်း​အ​သင်း​ကဲ့​သို့ မ​ဖြစ်​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လင်​ပန်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သ​တိ​ပေး​ရာ​နိ​မိတ်​ဖြစ်​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ကို ချဉ်း​ကပ်​သော​သူ​တိုင်း သေ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် သေ​ဘေး​သင့်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​ဦး​မည်​လော​ဟု မော​ရှေ​အား လျှောက်​ဆို​ကြ၏။

ငါ​ရွေး​ကောက်​သော​သူ၏ လှံ​တံ​သည် အ​ပွင့်​ပွင့်​လိမ့်​မည်။ ထို​သို့​ပြု​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်၌​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို နောက်​တစ်​ဖန် ငါ​နား​မ​ငြီး​ရာ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ယ​ခု​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ပြစ်​ကို​ခံ၍ သေ​ဘေး​နှင့် မ​တွေ့​မည်​အ​ကြောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​နီး​အ​ပါး​သို့ မ​ချဉ်း​မ​ကပ်​ရ​ကြ။

လေ​ဝိ​သား​တို့​သည် သင့်​ကို​လည်း​ကောင်း၊ တဲ​တော်​ရှိ​သ​မျှ​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။ သို့​ရာ​တွင် သင်​တို့​နှင့်​သူ​တို့​သည် သေ​ဘေး​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​သည် တဲ​တော်​တန်​ဆာ၊ ယဇ်​ပ​လ္လင်​တန်​ဆာ​များ​ကို မ​ချဉ်း​ကပ်​ရ​ကြ။

သူ​တို့​သည် သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​စောင့်​လျက်၊ တဲ​တော်​အ​မှု​ရှိ​သ​မျှ​ကို ထမ်း​ရ​ကြ​မည်။ မ​ဆိုင်​သော​သူ​သည် သင်​တို့​အ​နီး​သို့ မ​ချဉ်း​မ​ကပ်​ရ။

ထို​ကြောင့် သင်​နှင့် သင်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော​အ​မှု၊ ကု​လား​ကာ​အ​တွင်း၌ ဆောင်​ရွက်​စ​ရာ​အ​မှု ရှိ​သ​မျှ​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​ပြု၍ ဆောင်​ရွက်​ရ​ကြ​မည်။ သင်​တို့​အား​ကျေး​ဇူး​ပြု၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ငါ​ပေး​ပြီ။ မ​ဆိုင်​သော​သူ​သည် အ​နီး​အ​ပါး​သို့​ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း ခန့်​ထား၏။ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​စောင့်​ရ​ကြ​မည်။ သူ၏​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​သူ​သည် ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

မော​ရှေ​နှင့် အာ​ရုန်​မှ​စ၍ အာ​ရုန်၏​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​စောင့်​လျက်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ရှေ့​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။ သူ​တို့​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော​သူ​သည်​ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ