Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 1:4

Judson Bible

အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တစ်​ယောက်​စီ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ သူ​ကြီး​ဖြစ်​သော​လူ​တို့​သည် သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊

ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က​ရွေး​ကောက်၍ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​သီး​အ​သီး ခေါင်း​အ​ရာ၌​ခန့်​ထား​လေ​၏။

ဤ​သူ​တို့​သည် ပ​ရိ​သတ်​တွင်​ကျော်​စော​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​စီ​အုပ်​ရ​သော​သူ ဖြစ်​ကြ​သ​တည်း။

ထို​သို့​မော​ရှေ​နှင့် အာ​ရုန်​အ​စ​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော မင်း​ဆယ်​နှစ်​ပါး​တို့​သည်

လေ​ဝိ​အ​မျိုး၏​လှံ​တံ​ပေါ်​မှာ အာ​ရုန်​အ​မည်​ကို ရေး​ထား​လော့။ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တစ်​ဦး​လျှင် လှံ​တံ​တစ်​ချောင်း​စီ​ရှိ​ရ​မည်။

မိ​ဒျန်​မိန်း​မ​နှင့် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော ဣ​သ​ရေ​လ​လူ၏​အ​မည်​ကား၊ ရှိ​မောင်​အ​မျိုး၌​ထင်​ရှား​သော အ​ဆွေ​အ​မျိုး​တွင် အ​ကဲ​အ​မှူး​သာ​လု၏​သား ဇိ​မ​ရိ​ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ပြင်း​စွာ​သော အ​မျက်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ​လွဲ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​ကို​ခေါ်၍၊ ပြစ်​မှား​သော​သူ​တို့​ကို ဘု​ရား​ရှေ့​မှာ​ထင်​ရှား​စွာ ဆွဲ​ထား​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို မော​ရှေ​သည်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ​တို့​အား ဆင့်​ဆို​သည်​ကား၊

မော​ရှေ​နှင့်​အာ​ရုန် အ​စ​ရှိ​သော​ပ​ရိ​သတ်​သူ​ကြီး​တို့​သည် ကော​ဟတ်​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​သွင်း​သော​လူ​ပေါင်း​ကား၊ နှစ်​ထောင်​ခု​နစ်​ရာ​ငါး​ဆယ် ရှိ​သ​တည်း။

စာ​ရင်း​ဝင်​သော​သူ​တို့​ကို​အုပ်၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​တို့၌ မင်း​ဖြစ်​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​တို့​သည်၊

ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ