Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 1:3

Judson Bible

စစ်​တိုက်​နိုင်​သော​ယောက်ျား​အ​ပေါင်း​တို့​ကို သူ​တို့​အ​ဆွေ​အ​မျိုး အ​သီး​အသီး​အ​လိုက်​စာ​ရင်း​ယူ​လျက်၊ တပ်​ခင်း​ကျင်း၍ ရေ​တွက်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​သည်​လည်း လူ​ပေါင်း​စာ​ရင်း​ကို ရှင်​ဘု​ရင်​အား​ဆက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဓား​ကိုင်​သူ​ရဲ ရှစ်​သိန်း၊ ယု​ဒ​အ​မျိုး၌ ငါး​သိန်း ရှိ​ကြ၏။

ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တွင် ဒိုင်း​နှင့် ဓား​ကို​ကိုင်၍ လေး​နှင့်​ပစ်​တတ်​သ​ဖြင့်၊ စစ်​မှု​စစ်​ရေး​ကို လေ့​ကျက်၍ စစ်​ချီ​တတ်​သော စစ်​သူ​ရဲ​ပေါင်း​ကား၊ လေး​သောင်း​လေး​ထောင်​ခု​နစ်​ရာ​ခြောက်​ဆယ်​တည်း။

အာ​မ​ဇိ​မင်း​သည် ယု​ဒ​လူ​တို့​ကို​စု​ဝေး​စေ၍ ယု​ဒ​လူ​နှင့် ဗင်္ယာ​မိန်​လူ​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​တို့​ကို ခန့်​ထား၏။ အ​သက်​နှစ်​ဆယ်​လွန်၍၊ လှံ​နှင့်​ဒိုင်း​ကို ကိုင်​တတ်​သော စစ်​သူ​ရဲ​ကောင်း​တို့​သည်၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း သုံး​သိန်း​ရှိ​ကြ၏။

ထို​အ​ဇု​မ​ပွဲ​ကို​ခံ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​နေ့​ရက်၌ သင်​တို့ ဗိုလ်​ခြေ​များ​ကို၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က ငါ​နုတ်​ဆောင်​သည်​ဖြစ်၍၊ ထို​အ​ကြောင်း​ကြောင့် ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း၊ သင်​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ထို​နေ့​ရက်​ကို အ​မြဲ​စောင့်​ရ​ကြ​မည်။

အ​သက်​နှစ်​ဆယ်​မှ​စ၍၊ ပို​လွန်​သော​သူ​အ​ပေါင်း​တို့​သည် စာ​ရင်း​ဝင်၍၊ ထို​သို့​သော​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ရ​မည်။

အ​သက်​နှစ်​ဆယ်​မှ​စ၍ ပို​လွန်​သ​မျှ​သော​သူ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ လူ​ခြောက်​သိန်း​သုံး​ထောင် ငါး​ရာ​ငါး​ဆယ်​တို့​သည်၊ အ​ကျပ်​တော်​အ​လိုက် ငွေ​ချိန်​အ​ကျပ်​တစ်​ဝက်​စီ​ပေး​ရ​ကြ၏။

သင်​တို့​ကို​ရေ​တွက်၍ စာ​ရင်း​ယူ​သည်​အ​တိုင်း၊ အ​သက်​နှစ်​ဆယ်​လွန်​သော​သူ၊ ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​သူ​အ​ပေါင်း​တို့​သည် သေ၍ ဤ​တော၌ အ​သေ​ကောင်​ဖြစ်​လျက် နေ​ရစ်​ကြ​လိမ့်​မည်။

အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​ကြ​လော့​ဟု မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊

လေ​ဝိ​သား​တို့​တွင် အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​အ​ပေါင်း​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက် ရေ​တွက်​လော့​ဟု၊

မော​ရှေ​နှင့်​အာ​ရုန်​စီ​ရင်၍ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုံး​အ​ရင်း​တို့​သည် ခ​ရီး​သွား​ခြင်း​အ​ကြောင်း​အ​ရာ​များ​ကို၊

အိမ်​ထောင်​ဖက်​ပြု​စ​ရှိ​သော​သူ​သည် စစ်​တိုက်​မ​သွား​ရ။ မင်း​အ​မှု​ကို မ​ဆောင်​ရ။ တစ်​နှစ်​ပတ်​လုံး ကိုယ်​အိမ်၌​အ​လွတ်​နေ၍ မ​ယား​ကို ကျွေး​မွေး​ပြု​စု​ရ​မည်။

ထို​အ​ခါ ငါ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြေ​ကို သင်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် စစ်​တိုက်​တတ်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်၍၊ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ