Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 1:1

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ သိ​နာ​တော​တွင် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော သ​က္က​ရာဇ်​လေး​ရာ​ရှစ်​ဆယ်​ပြည့်၊ ရှော​လ​မုန်​မင်း နန်း​စံ​လေး​နှစ်၊ ဇိ​ဖ​အ​မည်​ရှိ​သော ဒု​တိ​ယ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​နောက်၊ တ​တိ​ယ​လ တစ်​ရက်​နေ့၌ သိ​နာ​တော​သို့​ရောက်​ကြ​၏။

ရေ​ဖိ​ဒိမ်​အ​ရပ်​က​ထွက်​သွား​ပြီး​မှ သိ​နာ​တော​သို့​ရောက်၍၊ ထို​တော၌ တောင်​ရှေ့​မှာ တပ်​ချ​ကြ​၏။

ထို​အ​ရပ်၌ ငါ​သည်​သင်​နှင့်​တွေ့၍၊ သက်​သေ​ခံ​ချက်​ထား​သော သေ​တ္တာ​ဖုံး​အ​ပေါ်၊ ခေ​ရု​ဗိမ်​နှစ်​ပါး​စပ်​ကြား​မှာ သင်​နှင့်​နှုတ်​ဆက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ဆင့်​ဆို​ရာ​သ​မျှ​တို့​ကို စီ​ရင်​မည်။

သ​က္က​ရာဇ်​နှစ်​ခု၊ ပ​ထ​မ​လ၊ ပ​ထ​မ​နေ့၌ မော​ရှေ​သည် တဲ​တော်​ကို​ဆောက်​လေ​၏။

သင်​သည် ပ​ထ​မ​လ၊ ပ​ထ​မ​နေ့၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​ဆောက်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​က အ​သံ​ကို​လွှင့်​လျက် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊

ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ၌​ထား​တော်​မူ​သော ပ​ညတ်​တော်​များ ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော ဝတ်​ပြု​ရာ​ကျမ်း​ပြီး၏။

ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ ပ​ရိ​သတ်​အ​ပေါင်း​ကို​စည်း​ဝေး​စေ​ပြီး​မှ၊ အ​ဆွေ​အ​မျိုး​စာ​ရင်း​ကို​ဖော်​ပြ၍ အ​နှစ်​နှစ်​ဆယ်​လွန်​သော​သူ​တို့၏ နာ​မည်​ပေါင်း​ကို​မှတ်​သ​ဖြင့်၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သုံး​ယောက်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ထွက်​သွား​ကြ​လော့​ဟု မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​အား ချက်​ချင်း​မိန့်​တော်​မူ၍ သူ​တို့​သည်​ထွက်​သွား​ကြ၏။

အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ၌ သိန်​တော​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

မော​ရှေ​သည် ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​လည်း​ကောင်း၊ ဧ​ဒြိ​ပြည်၊ အာ​ရှ​တ​ရုတ်​မြို့၌​နေ​သော ဗာ​ရှန်​ဘု​ရင် ဩ​ဃ​ကို​လည်း​ကောင်း လုပ်​ကြံ​ပြီး​မှ၊ သ​က္က​ရာဇ်​လေး​ဆယ်​ပြည့်၊ ဧ​ကာ​ဒ​သ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ မော​ဘ​ပြည်၊ ယော်​ဒန်​မြစ်​နား​မှာ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​နှင့်​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍ ဟော​ပြော​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ အ​ရင်​ရောက်​သော​ကာ​လ​မှ​စ၍ ဇေ​ရက်​ချောင်း​ကို ကူး​သော​ကာ​လ​တိုင်​အောင် နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ် လွန်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​စစ်​သူ​ရဲ​မျိုး​အ​ပေါင်း​တို့​သည် လူ​အ​လုံး​အ​ရင်း​ထဲ​က သေ​ကြေ​ကွယ်​ပျောက်​ရ​ကြ၏။

သင်​တို့​ပြု​လေ​ရာ​ရာ၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်​ချီး​ပေး​တော်​မူ​ပြီ။ ဤ​တော​ကြီး၌ သင်​တို့​လှည့်​လည်​သော အ​ကြောင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့၌​ဘာ​မျှ​မ​လို​ဟု ဆင့်​ဆို​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ