Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 27:34

Judson Bible

ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ၌​ထား​တော်​မူ​သော ပ​ညတ်​တော်​များ ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော ဝတ်​ပြု​ရာ​ကျမ်း​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ​လက်​တွင်​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဖြစ်​သ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ သိ​နာ​တော​တွင် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

ဤ​ရွေ့​ကား၊ သိ​နာ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​စဉ်​အ​မြဲ​ပြု​ရ​သော မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ၊ အာ​ရုန်​နှင့် မော​ရှေ​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ကို မှတ်​သား​သည်​တွင်၊

ဤ​ရွေ့​ကား၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တော​လည်​ရာ​ကျမ်း​ပြီး၏။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

မော​ရှေ​သည် ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​လည်း​ကောင်း၊ ဧ​ဒြိ​ပြည်၊ အာ​ရှ​တ​ရုတ်​မြို့၌​နေ​သော ဗာ​ရှန်​ဘု​ရင် ဩ​ဃ​ကို​လည်း​ကောင်း လုပ်​ကြံ​ပြီး​မှ၊ သ​က္က​ရာဇ်​လေး​ဆယ်​ပြည့်၊ ဧ​ကာ​ဒ​သ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ မော​ဘ​ပြည်၊ ယော်​ဒန်​မြစ်​နား​မှာ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​နှင့်​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍ ဟော​ပြော​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊

၁၇ ဤ​ရွေ့​ကား၊ ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​မှ​တစ်​ပါး၊ မော​ဘ​ပြည်၌ မော​ရှေ​သည် ထို​လူ​မျိုး​နှင့် ပ​ဋိ​ညာဉ်​ပြု​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​စ​ကား​တော် ဖြစ်​သ​တည်း။

သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​နောက်၊ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်၏​နိုင်​ငံ​အ​တွင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဖက်၌​ရှိ​သော​ချိုင့်​တွင်၊ မော​ရှေ​ဟော​ပြော​သော​သက်​သေ​စ​ကား၊ စီ​ရင်​ထုံး​ဖွဲ့​သော စ​ကား​တည်း။

သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌ ကျင့်​စ​ရာ​ဖို့၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို သင်​တို့​အား ငါ​သွန်​သင်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ