Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:7

Judson Bible

အ​ကြောင်း​မူ​ကား၊ နတ်​ဆိုး​စွဲ​သော သူ​များ​တို့၏​အ​ထဲ​မှ နတ်​ဆိုး​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် အော်​ဟစ်​လျက် ထွက်​သွား​ကြ၏။ ကိုယ်​မ​လှုပ်​နိုင်​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​အ​များ​တို့​သည်​လည်း ပ​က​တိ​အ​ဖြစ်​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ခြေ​ဆွံ့​သော​သူ​တို့​သည် ဒ​ရယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။ စ​ကား​အ​သော​သူ​တို့​သည် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ တော၌​စမ်း​ရေ​ထွက်၍၊ လွင်​ပြင်၌ မြစ်​ရေ​စီး​လိမ့်​မည်။

တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ပေး​တော်​မူ၏။-

မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-

သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။

နတ်​သည် အော်​ဟစ်၍ အ​လွန်​တောင့်​မာ​စေ​ပြီး​မှ ထွက်​သွား၏။ သူ​ငယ်​သည် သေ​သ​ကဲ့​သို့​ဖြစ်၏။ သေ​ပြီ​ဟု လူ​များ​ဆို​ကြ၏။-

ထို​ခု​နစ်​ကျိပ်​သော တ​ပည့်​တော်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ပြန်​လာ၍၊ သ​ခင်၊ ကိုယ်​တော်၏ နာ​မ​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် နတ်​ဆိုး​ကို​ပင် နိုင်​ပါ​သည်​ဟု လျှောက်​ကြ၏။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊-

ပတ်​လည်​ဝန်း​ကျင်၌​ရှိ​သော မြို့​သူ​ရွာ​သား အ​ပေါင်း​တို့​သည် အ​နာ​စွဲ​သော​သူ၊ နတ်​ဆိုး​ညှဉ်း​ဆဲ​သော​သူ​တို့​ကို ဆောင်​ခဲ့​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ စု​ဝေး​လာ​ကြ၍၊ ထို​လူ​နာ​အ​ပေါင်း​တို့​သည် အ​နာ​ကင်း​လွတ်​ခြင်း​သို့ ရောက်​ကြ၏။

လူ​အ​စု​အ​ဝေး​တို့​သည်​ကြား၍ ဖိ​လိ​ပ္ပု​ပြု​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​အ​ခါ၊ သူ၏​စ​ကား​ကို တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ၏။-

ထို​သက်​သေ​ခံ​သော​သူ​တို့​နှင့်​အ​တူ ဘု​ရား​သ​ခင်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အား​ဖြင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော​တန်​ခိုး အ​ထူး​ထူး အ​ပြား​ပြား​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း ဝေ​ငှ​သော ဆု​ကျေး​ဇူး​အား​ဖြင့်​လည်း​ကောင်း သက်​သေ​ခံ​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ