လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ၏။-
ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ရှင်ဘုရင်နှင့် မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီတညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရားသခင်တန်ခိုးတော်ကြောင့်ရကြ၏။
နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှာ တစ်မြို့လုံး ကုန်မတတ်စည်းဝေးကြ၏။-
ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကိုခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက် ရှိလေ၏။
ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။-
အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသောအသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်ကြ၏။-