တမန်တော်ဝတ္ထု 8:33Judson Bibleနှိမ့်ချခြင်းကိုခံစဉ်တွင် သူတစ်ပါးတို့သည် ထိုသူကို မတရားသဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးက သိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာလာသတည်း။- အခန်းကိုကြည့်ပါ။ |
ထိုသို့ မိမိအသက်ကို သေခြင်း၌သွန်း၍၊ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသောသူတို့အဖို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူ၏အဖို့ဖြစ်စေခြင်းငှာ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင် ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။
ထိုသီတင်း ခြောက်ဆယ်နှစ်သီတင်းလွန်ပြီးမှ ခရစ်တော် သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှလာသော သခင်၏လူတို့သည် မြို့တော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနကိုလည်းကောင်း ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။