Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:32

Judson Bible

ကျမ်း​စာ၌ ဖတ်​သော​အ​ချက်​ဟူ​မူ​ကား၊ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သ​ငယ်​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ နေ​သ​ကဲ့​သို့ သူ​သည်​နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

စ​ကား​မ​ပြော​ဘဲ အ​လျက်​နေ၏။ ကောင်း​သော​အ​ရာ​ကို​ပင် မ​ပြော။ ထို​သို့​နေ​စဉ်၊ ငါ​သည် စိတ်​ညစ်​ညူး​ခြင်း​ရှိ၏။

ကိုယ်​တော်​စီ​ရင်​တော်​မူ​ရာ ဖြစ်​သော​ကြောင့်၊ အ​ကျွန်ုပ်​ပြော​စ​ရာ​မ​ရ။ နှုတ်​ကို မ​ဖွင့်​ဘဲ​နေ​ရ​ပါ၏။

အ​သေ​သတ်​ခြင်း​ငှာ​ဆောင်​သွား​သော သိုး​သ​ငယ်​ယဉ်​ကဲ့​သို့ ငါ​ဖြစ်၏။ သူ​တို့​က၊ သူ၏​နာ​မ​ကို ရှင်း​ရှင်း​ပျောက်​စေ​ခြင်း​ငှာ၊ အ​သီး​အ​ကင်း​နှင့်​တ​ကွ အ​ပင်​ကို​ရှင်း​ရှင်း​ဖျက်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​မှ သူ့​ကို ပယ်​ဖြတ်​ကြ​ကုန်​အံ့​ဟု၊ ငါ့​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​နှင့် ကြံ​စည်​ကြောင်း​ကို ငါ​မ​သိ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သိ​မြင်​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် သ​ဘော​တူ​ကြောင်း​ကို စစ်​ကြော​တော်​မူ​ပြီ။ သိုး​တို့​ကို ထုတ်​သ​ကဲ့​သို့၊ ထို​မ​တ​ရား​သော​သူ​တို့​ကို အ​သေ​သတ်​ခြင်း​ငှာ ဆွဲ​ထုတ်​တော်​မူ​ပါ။ သတ်​ရ​သော​နေ့​အ​ဖို့ ပြင်​ဆင်​တော်​မူ​ပါ။

အ​သေ​သတ်​ခြင်း​ငှာ ဆွဲ၍​ချ​သော​သိုး​သ​ငယ်​ကို​ကဲ့​သို့​လည်း​ကောင်း၊ သိုး​ထီး၊ ဆိတ်​ထီး​ကို​ကဲ့​သို့​လည်း​ကောင်း ငါ​ဆွဲ၍​ချ​မည်။

မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊

မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊

ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-

နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။-

ထို​အ​မတ်​က​လည်း၊ သွန်​သင်​ပဲ့​ပြင်​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ နား​လည်​နိုင်​မည်​နည်း​ဟု​ဆို​ပြီး​မှ မိ​မိ​နှင့်​အ​တူ ဖိ​လိ​ပ္ပု​တက်၍ ထိုင်​နေ​ပါ​မည်​အ​ကြောင်း တောင်း​ပန်၏။

အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ မွတ်​သိပ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့​ကြုံ​ခြင်း၊ ကွပ်​မျက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​မှု​တို့​တွင် အ​ဘယ်​အ​မှု​သည် ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို ကွာ​စေ​မည်​နည်း။-

ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။-

အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ