တမန်တော်ဝတ္ထု 7:45Judson Bibleနောက်ကျသော ငါတို့အဘများသည် ထိုတဲတော်ကို တစ်ပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့်အတူ ဆောင်သွင်းကြ၏။ ထိုတစ်ပါးအမျိုးသားတို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘများထံမှ နှင်ထုတ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တစ်ခါ ညဉ့်ဦးတစ်ခါ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှအတိုင်း ပြုစေခြင်းငှာ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။