Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 4:2

Judson Bible

တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ယေ​ရှု​ကို​အ​ကြောင်း​ပြု​လျက် သေ​ခြင်း​မှ ထ​မြောက်​ခြင်း​တ​ရား​ကို ဟော​သော​ကြောင့်၊ ထို​မင်း​များ​တို့​သည် စိတ်​ပူ​ပန်​ခြင်း​ရှိ​သည်​နှင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ၊ လူ​တစ်​ယောက်​လာ​ကြောင်း​ကို၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​နှင့် ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား တော​ဘိ​တို့​သည် ကြား​သော်၊ အ​လွန်​နှ​လုံး​မ​သာ ရှိ​ကြ၏။

ယု​ဒ​လူ​တို့​သည် အ​စည်း​အ​ဝေး​တို့​ကို မြင်​လျှင် ငြူ​စူ​သော​စိတ်​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ပေါ​လု၏​စ​ကား​ကို ငြင်း​ခုံ​သည်​သာ​မ​က ဆဲ​ရေး​ကြ၏။-

ထို​အ​ခါ ဧ​ပိ​ကု​ရု​တ​ပည့်​တို့​နှင့် သ​တော​အိတ် ပ​ညာ​ရှိ​အ​ချို့​တို့​သည် ပေါ​လု​နှင့် ဆိုင်​ပြိုင်၍၊ အ​ချို့​က၊ ဤ​မ​ရေ​ရာ​သော​လူ​သည် အ​ဘယ်​သို့​ပြော​ချင်​သ​နည်း​ဟု ဆို၏။ အ​ချို့​က​လည်း၊ ဤ​သူ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ နတ်​ဘု​ရား​တို့၏ အ​ကြောင်း​ကို ဟော​ပြော​သော​သူ ဖြစ်​ဟန်​ရှိ​သည်​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ပေါ​လု​သည် ယေ​ရှု၏​တ​ရား​နှင့် ထ​မြောက်​ခြင်း တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သ​တည်း။-

ထို​အ​ခါ ဘာ​သာ​တ​ရား​ကြောင့် ရောက်​သော အ​မှု​ကြီး​ဟူ​မူ​ကား၊-

အ​ကျွန်ုပ်​သည် သင်​တို့​ရှေ့၌ ယ​နေ့​စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ၏​ဟု ကြွေး​ကြော်​သော စ​ကား​သံ​တစ်​ခွန်း​ကို​ထား​လျှင်၊ အ​ကျွန်ုပ်၌ အ​ဘယ်​အ​ပြစ်​ကို တွေ့​ကြ​သည်​ကို ယ​ခု​ရှိ​သော ဤ​သူ​တို့​သည် ပြော​ကြ​ပါ​စေ​ဟု ပေါ​လု လျှောက်၏။

ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။

သေ​လွန်​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​မည်​ဟူ​သော အ​ယူ​ကို​မ​ယူ​အပ်​ဟု သင်​တို့​သည် အ​ဘယ်​ကြောင့် ထင်​ကြ​ပါ​သ​နည်း။

အ​သက်​ရှင်​ခြင်း​သို့ ပို့​ဆောင်​တော်​မူ​သော​အ​ရှင်​ကို ကွပ်​မျက်​ကြ​ပြီ​တ​ကား၊ ထို​အ​ရှင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဇ​ဒ္ဒု​ကဲ​ဖြစ်​သော ထို​မင်း၏ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် ထ၍ ဒေါ​သ​အ​မျက်​နှင့် ပြည့်​ကြ​သ​ဖြင့်၊-

ထို​မျှ​မ​က၊ ယေ​ရှု​ကို​သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​သော မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ သေ​တတ်​သော သင်​တို့၏ ကိုယ်​ကာ​ယ​ကို​ပင် ရှင်​စေ​တော်​မူ​မည်။

သို့​ရာ​တွင် လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့ အ​လှည့်​အ​တိုင်း လိုက်​ရ​ကြ​လိမ့်​မည်။ ခ​ရစ်​တော်​သည် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ၏၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​ဖြစ်​သော သူ​တို့​သည် ရှင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ