ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ်တို့နှင့် ဇဒ္ဒုကဲများတို့သည် လာကြသဖြင့်၊-
ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။
မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။-
လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။-
ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။-
ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာ လာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။
တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟောတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊-
ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ်သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။-
ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။-
စစ်သူရဲတစ်တပ်ကိုလည်းကောင်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကိုလည်းကောင်း ခေါ်ခဲ့၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။-
ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုး ရှိမျှတို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊-
ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ်သော ထိုမင်း၏ အပေါင်းအဖော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့်၊-
ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သောအမှု ဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။-
ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ သွားပြန်လျှင်၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲနှင့်ပစ်မည်ကို စိုးရိမ်သောကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။-
လူများကိုလည်းကောင်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာတို့ကိုလည်းကောင်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဖမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။-
ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။