Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 3:1

Judson Bible

ထို​အ​ခါ​ပ​တ္ထ​နာ​ပြု​ရ​သော သုံး​ချက်​တီး​အ​ချိန်၌ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့ တက်​ကြ​သည်​ရှိ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ၊ ပ​ရော​ဖက်​ဧ​လိ​ယ​သည် ချဉ်း​လာ၍၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကျွန်​ဖြစ်၍ အ​မိန့်​တော်​အ​တိုင်း ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​ကြ​ပါ​စေ​သော။

ညဉ့်​ဦး​အ​ချိန်၊ နံ​နက်​အ​ချိန်၊ မွန်း​တည့်​အ​ချိန်​တို့၌ ငါ​သည်​ညည်း​တွား​မြည်​တမ်း၍၊ ငါ၏​အ​သံ​ကို ကြား​တော်​မူ​မည်။

နေ့​တိုင်း​အ​စဉ်​မ​ပြတ် နံ​နက်​ယံ၌​တစ်​ကောင်၊ ညဉ့်​ဦး​ယံ၌​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။

အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။

ဆု​တောင်း​သော​အ​မှု​မ​ပြီး​မီ မြွက်​ဆို​စဉ်​တွင် ယ​ခင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ၌​ထင်​ရှား​သော​သူ၊ ဂါ​ဗြေ​လ​သည် လျင်​မြန်​စွာ​ပျံ၍ လာ​သ​ဖြင့် ညဥ့်​ဦး​ယံ​ပူ​ဇော်​ချိန်၌ ငါ​ရှိ​ရာ​သို့ ရောက်၍၊

နံ​နက်​ယံ၌ သိုး​သ​ငယ်​တစ်​ကောင်၊ ညဉ့်​ဦး​ယံ၌​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။-

ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား၍၊ နှ​လုံး​မ​သာ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။-

မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။-

ထို​သို့​နံ့​သာ​ပေါင်း​ကို မီး​ရှို့​သည်​အ​ချိန်​တွင်၊ လူ​အ​များ​အ​ပေါင်း​တို့​သည် ပြင်၌​ဆု​တောင်း​လျက် နေ​ကြ၏။-

လူ​နှစ်​ယောက်​တို့​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​ငှာ ဗိ​မာန်​တော်​ပေါ်​သို့ တက်​ကြ၏။ တစ်​ယောက်​ကား ဖာ​ရိ​ရှဲ​ဖြစ်၏။ တစ်​ယောက်​ကား အ​ခွန်​ခံ​ဖြစ်၏။-

ကိုယ်​တော်​က၊ ငါ​တို့ စား​ဖို့​ရာ သင်​တို့​သည်​သွား၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ​လော့​ဟု ပေ​တ​ရု​နှင့် ယော​ဟန်​ကို စေ​လွှတ်​တော်​မူ၏။-

ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ဗိ​မာန်​တော်​သို့ ရောက်​မြဲ​ရောက်​ကြ၏။ ရှင်​လု​ကာ​ခ​ရစ်​ဝင်​ပြီး၏။

ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က၊ ငါ​တို့​သ​ခင်​ပေ​တည်း​ဟု ပေ​တ​ရု​အား ပြော​ဆို၏။ သ​ခင်​ဖြစ်​ကြောင်း​ကို ရှိ​မုန်​ပေ​တ​ရု​သည် ကြား​လျှင်၊ အ​ဝတ်​ကို မ​ခြုံ​ဘဲ​ရှိ​လျက် အ​ပေါ်​အင်္ကျီ​ကို​သာ ဝတ်​စည်း၍ အိုင်​ထဲ​သို့ ဆင်း​လေ၏။-

တစ်​နေ့​သ၌ နေ​သုံး​ချက်​တီး​အ​ချိန်​တွင် ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည်၊ ကော်​နေ​လိ​ဟု ခေါ်​လျက် ရောက်​လာ​သည်​ကို ထို​သူ​သည် ထင်​ရှား​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်​ရ၏။-

ကော်​နေ​လိ​က​လည်း၊ အ​ကျွန်ုပ်​သည် ယ​ခု​အ​ချိန် နာ​ရီ​တိုင်​အောင် အ​စာ​ရှောင်၍ သုံး​ချက်​တီး​အ​ချိန်​တွင် အိမ်၌​ဆု​တောင်း​လျက် နေ​သည်၊ ယ​ခု လေး​ရက်​ရှိ​ပါ​ပြီ။ ထို​အ​ချိန်၌ လူ​တစ်​ယောက်​သည် ထွန်း​တောက်​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ကျွန်ုပ် ရှေ့​မှောက်၌​ရပ်၍၊-

ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။-

ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​ဝင်​မည် လာ​ကြ​သည်​ကို ထို​သူ​သည်​မြင်​လျှင် စွန့်​ကြဲ​ပါ​ဟု တောင်း​လေ၏။-

ထို​အ​ခါ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ငါ​တို့​အား မျှော်​ကြည့်​လော့​ဟု​ဆို​လျှင်၊-

ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊-

ထို​အ​ခါ လူ​တစ်​ယောက်​သည်​လာ၍ ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​တို့​သည် ဗိ​မာန်​တော်၌​ရပ်​လျက်၊ လူ​များ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

ရှ​မာ​ရိ​မြို့​သား​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ​ကြ​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော တ​မန်​တော်​တို့​သည် သ​တင်း​ကြား​လျှင်၊ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​ကို စေ​လွှတ်​ကြ၏။-

အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ