Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:47

Judson Bible

ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည် ဒေ​သ​နာ​တော်​ကို စေ့​စေ့​နား​ထောင်​သော​ကြောင့် သတ်​နိုင်​သော​အ​ခွင့်​ကို မ​တွေ့​မ​ရ​ကြ။

ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။

သ​ခင်​ဘု​ရား၏ လက်​တော်​သည် ထို​သူ​တို့​နှင့်​တ​ကွ ရှိ​တော်​မူ​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်၍ သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​ကြ၏။

ထို​သူ​သည် သူ​တော်​ကောင်း​ဖြစ်၍၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ ပြည့်​စုံ​သော​အား​ဖြင့်၊ လူ​များ​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ထံ​သို့ ဝင်​စား​ကြ၏။

ထို​စ​ကား​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြား​လျှင် ဝမ်း​မြောက်၍ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ကြ၏။ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော သူ​ရှိ​သ​မျှ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ​သ​ဖြင့်၊-

ဣ​ကော​နိ​မြို့​သို့​ရောက်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည် ယု​ဒ​တ​ရား​ဇ​ရပ်​သို့​ဝင်၍ ဟော​ပြော​သ​ဖြင့်၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​များ အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-

ထို​မြို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ လူ​များ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ​ပြီး​မှ၊ လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၊ အ​န္တိ​အုတ်​မြို့​တို့​ကို အ​စဉ်​အ​တိုင်း လှည့်​လည်၍​ပြန်​ကြ၏။-

ထို​သို့​အ​သင်း​တော်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မြဲ​မြံ​သည်​ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​နေ့​ထက်​တစ်​နေ့ တိုး​ပွား​များ​ပြား​ကြ၏။

ထို​ကြောင့်၊ ယု​ဒ​လူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်​ကြ၏။ အ​သ​ရေ​ထင်​ရှား​သော ဟေ​လ​သ​မိန်း​မ​တို့​နှင့် ယောက်ျား​အ​များ​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ က​တိ​တော်​သည် သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း၊ ဝေး​သော​သူ​တို့​တွင် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သ​မျှ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆိုင်​သည်​ဟု ဟော၏။-

ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။-

ထို​အ​ခါ တ​မန်​တော်​တို့၌ အ​ပြစ်​ဒဏ်​ပေး​သင့်​သော​အ​ကြောင်း​ကို မ​တွေ့​သ​ဖြင့် တစ်​ဖန် ခြိမ်း​ခြောက်​ပြီး​လျှင် လွှတ်​ကြ၏။-

သ​ခင်​ယေ​ရှု ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တ​မန်​တော်​တို့​သည် ကြီး​သော​တန်​ခိုး​နှင့် သက်​သေ​ခံ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​သော​ကျေး​ဇူး​တော်​နှင့် ပြည့်​စုံ​ကြ၏။-

တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။

ထို​ကာ​လ၌ တ​ပည့်​တော်​တို့​သည် များ​ပြား​သည်​ရှိ​သော်၊ နေ့​ရက် အ​စဉ်​အ​တိုင်း လုပ်​ကျွေး​သော​အ​ခါ၊ ဟေ​လေ​နစ်​အ​မျိုး မု​ဆိုး​မ​တို့​ကို မ​လုပ်​မ​ကျွေး​ဟု ထို​အ​မျိုး​သား​တို့​သည် မြည်​တမ်း၍ ဟေ​ဗြဲ​လူ​တို့​ကို အ​ပြစ်​တင်​ကြ၏။-

ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့၌ တ​ပည့်​တော်​တို့​သည် အ​လွန်​ပွား​များ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​တ​ရား​ကို နား​ထောင်​ကြ၏။

ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။

လု​ဒ္ဒ​မြို့​နှင့် ရှာ​ရုန်​အ​ရပ်၌ နေ​သော​သူ အ​ပေါင်း​တို့​သည် ထို​သူ​ကို​မြင်၍ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ၏။

ထို​သို့​ကျင့်၍ ခ​ရစ်​တော်၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ နှစ်​သက်​ဖွယ်၊ လူ​တို့​တွင် ချီး​မွမ်း​ဖွယ်​ဖြစ်၏။-

ထို​သို့ ခွဲ​ခန့်​မှတ်​သား​နှင့်​သော​သူ​တို့​ကို ခေါ်​တော်​မူ၏။ ခေါ်​တော်​မူ​သော သူ​တို့​ကို​လည်း ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ၏။ ထို​သို့ တည်​စေ​တော်​မူ​သော သူ​တို့​ကို​လည်း ချီး​မြှောက်​တော်​မူ၏။

ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ ကြွေး​ကြော်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှ​င့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ